အပိုင်း { ၃၅ }

21.1K 2.1K 102
                                    

Unicode

တောင်အောက်ခြေနားမှာမြေလဲနေတဲ့ ခွန်စိုင်းကိုနေစေးတွေ့လိုက်ရတာကြောင့် နှလုံးဆောင့်တတ်သွားပြီလားထင်ရအောင်ကြောက်လန့်တကြား ခွန်စိုင်းအနားပြေးသွားပွေ့လိုက်သည်။

" စိုင်းဟွမ်.. "

နေစေးသည် ခွန်စိုင်းကိုပွေ့လျှက်ပါးလေးကိုပုတ်ပုတ်နှိုးကာ ခြေတွေလက်တွေကိုဘယ်လောက်ထိခိုက်သွားသလဲဆိုတာသေချာစစ်ဆေးနေသည်။ ပြီးနောက် ခြေမျက်စိနားမှာ အညိုပုတ်အရောင်ဖြစ်နေတာတွေ့မှခြေခေါက်လဲတာဖြစ်မှန်းသိလိုက်သည်။ နေစေးသည် ခွန်စိုင်းလက်ကလေးကဒဏ်ရာတစ်ချို့နဲ့အခုလိုတွေ့လိုက်ရတာ သူ့ရင်ထဲတကယ်မချိပေ။ သူအမြတ်တနိုးအထိခိုက်မရှိထွေးပွေ့ထားတဲ့ ဒီလူသားလေးအပေါ် သူကာကွယ်မှု့လိုအပ်ချက်ကြောင့် အခုလိုတွေဖြစ်သွားရ​ပြန်ပြီ။

သို့သော် အခုလောက်လေးဖြစ်တာမို့ဘုရားသခင်ကိုသာကျေးဇူးတင်ရင်း ခွန်စိုင်းကိုပွေ့ကာ စခန်းကိုပြန်လာခဲ့သည်။ လမ်းမှာ ဘွား နဲ့မော့တို့လည်းစုံတာကြောင့် အားလုံးစခန်းသို့သာပြန်ခဲ့သည်။ နေစေးတို့စခန်းရောက်တဲ့အချိန်မှာ မိုးပင်ချုပ်နေလေပြီ။

စခန်းရောက်တာနှင့် နေစေးသည်အားလုံးကိုအပြင်ထွက်စေကာ စခန်းမှာအသင့်ထားတဲ့ဆေးသေတ္တာကိုယူပြီး ခွန်စိုင်းရဲ့မိုးစိုနေတဲ့အဝတ်စားတွေအကုန်ချွတ်ပြစ်လိုက်သည်။ ပြီးနောက် အဝတ်တစ်ခုရေစွတ်ကာခွန်စိုင်းကိုရေပတ်တိုက်ပေး၏။ အဲ့အချိန်မှာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့ ခွန်စိုင်းသည် သူ့ခေါင်းတစ်ခုလုံးတစ်ယောက်ယောက်ရိုက်ထားသကဲ့သို့နာကျင်မှုနဲ့နိုးလာပြီးမျက်လုံးဖွင့်ကြည့်သည်။

" အက်...ဒွက် "

အသံဟာလုံးဝမထွက်သလိုတိုးညှင်းပေမယ့် လှုပ်ရှားမှု့ကြောင့် နေစေးကြည့်လိုက်တော့သူ့အားကြည့်နေတဲ့ လူကြီးလေး။ နေစေးသည် ခွန်စိုင်းလက်ကလေးကိုဆုတ်ကိုင်ကာ အားရဝမ်းသာနှင့်။

" စိုင်းဟွမ် ခင်ဗျားသတိရလာပြီလား။ ကျုပ်လေ ခင်ဗျားကို..သေလောက်အောင်စိတ်ပူနေခဲ့တာ "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now