၂အဆက်

2.8K 476 21
                                    

အပိုင်း ၂ အဆက်

နောက်ထပ် နှစ်နှစ်လောက်ပဲ ထပ်စောင့်လိုက်ရင် တရုတ်ပြည်က သူ့ကို ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး။ သူတို့ရဲ့ ကုမ္ပဏီက ဗီဒီယို အတိုအထွာလေးတွေ တင်တဲ့ အက်ပလီကေးရှင်းက တစ်ကမ္ဘာလုံးအနှံ့ ပျံ့သွားပြီး တကယ့် အင်တာနက် လောကရဲ့ အင်အားစုကြီး ဖြစ်လာလိမ့်မယ်။

"ဟယ်လို  ကောင်လေးတို့"
ဟော့ချန်းက သူ၏ ခရီးဆောင်အိတ်ကို အောက်သို့ ချရင်း နှုတ်ဆက်သည်။

"ဟယ်လို"

ဟော့ချန်းက လူတိုင်းကို ပြုံးပြီး ကြည့်ရင်းမှ ကျိုင်ရှင်းချန်ထံ အကြည့်ရောက်လာရင်း သူ၏ လက်ကောက်၀တ်မှ လက်ပတ်အပြာထံ ရပ်တန့်သည်။

ပြာနီသကေ်တ သည် အမျိုးသားများ၏ ခံစားချက်ကို အဓိကထားသော်လည်း သူတို့သည် ချစ်ခြင်းတရားဖြစ်စေ မိတ်ဆွေအချင်းချင်း၏ ရင်းနှီးမှု ဖြစ်စေ အာရုံစိုက်ကြသည့်အတွက် ရှိုး၏ ကြည့်ရှုသူများကို တိကျသေချာသော စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေလိမ့်မည်။ရှိုးပွဲကို စီစဉ်သူများကလည်း သူတို့ ရောင်းချမည့် ပစ္စည်းက (အဓိပ္ပါယ်အတူတူပါပဲ ပိုက်ဆံရှာတာချင်းအတူတူ သူတို့က ကြည့်ရှုသူ များလေ ပိုက်ဆံရလေဆိုတော့လေ  )မည်သို့သော အခြေအနေရှိကြောင်း ဂရုစိုက်ကြသည်။ထို့ကြောင့်ပါ၀င်သူတိုင်း၏ လိင်တိမ်းညွှတ်မှုအကြောင်း အတည်ပြုထားပြီးသားဖြစ်သည်။ထိိုသို့ဖြင့် အ​ြပာ(ကုံး)နှင့် အနီ(ရှို) ဟူ၍ ခွဲထားပေးခြင်းဖြစ်သည်။

ဥပမာအားဖြင့် ဟူရင်းတို့အဖွဲ့သည် နူးညံံ့သော ရှို အလှလေးများ ဖြစ်ကြသဖြင့် အနီဘက်မှ ဖြစ်သည်။

ချစ်ရေးချစ်ရာကို စိတ်မ၀င်စားသူများနှင့် အဖြောင့်ကောင်များက အပြာဘက်မှဖြစ်သည်။ (လောလောဆယ် မ ကုံး သေးတော့ ဒီလိုပဲ ရေးထားကြတာပါ ဟားဟား)ကျိုင်ရှင်းချန်လို ဖြူဖြူချောချော ကုံးဆိုလျင်လည်း အပြာဘက်မှြ ဖစ်သည်။ သူက အလွန်လှပလွန်းနေလျင်ပင် ကုံးက ကုံးသာလျင် ဖြစ်သည်။

ရှေးခေတ်အချိန်ကတည်းက အပြာနှင့်အနီကသာ အတွဲဖြစ်ကြပြီး တိုက်ခိုက်သူ (ဦးဆောင်သူ )နှင့် ခံရသူ( အညံ့ခံရသူ)တို့ကြား ရှင်းလင်းသော ဆက်နွှယ်မှုက ရှိနေခဲ့ပြီးသားဖြစ်သည်။ ထိုနည်းအားဖြင့် ကြည့်ရှုသူများက cpရွေးချယ်ရ လွယ်သွားမည်ဖြစ်သည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now