1

39.6K 1.5K 42
                                    

Unicode




"သားရေ....မြူလေး ထတော့လေးကွယ် နေတောင်မြင့်တော့မယ် အမေစျေးရောင်းသွားမလို့ ထမင်းအိုးထတည်လိုက်အုံးနော် သား''

အိမ်ရှေ့ကအမေ၏ စကားကြောင့် မြူဒေါင်းအိပ်ရာမှ လူးလိမ့်ထပြီး နာရီကြည့်တော့ အချိန်ဖြင့် မနက်၆နာရီပင်ထိုးတော့မည် ။ တစ်ခြားသူတို့အဖို့ သည်အချိန်မှာ စောချင်စောနေလိမ့်မည် ။ မြူတို့လို့ တစ်နေ့လုပ်မှတစ်နေ့စားတွေအတွက်တော့ မနက်မိုးလင်းတာနဲ့ အလုပ်လုပ်ဖို့ထကြရ၏ ။

"ဟုတ် ဟုတ် မေမေ ၊ သားထပြီ ''

မေမေကတော့ သူ့စကားကြားအပြီး ပဲပြုတ်တောင်းကိုခေါင်းပေါ်တင်လို့ စျေးရောင်းစထွက်သွားချေပြီ ။ ကတကယ်တော့ မြူတို့မိသားစုက အထည်ကြီးပျက်တွေဖြစ်သည် ။ မေမေက ဖေဖေနှင့်မညားခင်ကတည်းက ဆင်းရဲသည့်အသိုင်းအဝိုင်းကမို့ ထိုအနေအထားကိုမမှုပေမဲ့ ဖေဖေကတော့ နေ့စဉ်ဘဝအတွက် အရက်ပုလင်းနှင့်ပဲ ဖြတ်သန်းနေတော့၏ ။

ဖေဖေက တစ်ချိန်ကတော့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်ခဲ့ပါသည် ။ သို့သော် အလောင်းကစားသမားမို့ နောက်ဆုံးတော့စီးပွားပျက်ကာ မြူတို့အားလုံး သည်အခြေအနေသို့ရောက်ကြရ၏ ။ မြူမှာ အသက် ၁၆နှစ်အရွယ်လေးသား ရှိသော်လည်း မိဘတွေအပေါ် သိပ်ကိုသိတတ်နားလည်သည့်ကလေး တစ်ယောက်ပင် ။

သူ့အဖေကတော့ နေ့တိုင်းမူးလာပြီး သူတို့သားအမိနှစ်ယောက်အား ရန်ရှာဖို့သာသိသူပင် ။ မြူမှာ ဆယ်တန်းအရွယ်မှာပဲကျောင်းထွက်ခဲ့ရပြီး အမေနဲ့အတူ စျေးဗန်းကိုသာ ရွက်ခဲ့ရ၏ ။

မြူဒေါင်း အိပ်ရာထဲကထပြီး စောင်တို့ကိုသေချာပြန်ခေါက်ထားလိုက်ပြီးမှ မျက်နှာသစ်၊သွားတိုက်ခြင်းတို့ကိုလုပ်ရ၏ ။ တပတ်စောင်နဲ့မျက်နှာကို သေချာသုပ်လိုက်ပြီး မီးဖိုချောင်ကျဥ်းကျဥ်းလေးထဲ ထမင်းအိုတည်ဖို့ စတင်မီးမွှေးတော့၏ ။

"ဟိတ်ကောင် မြူဒေါင်း!''

"ဗျာ....ဖေဖေ ဘာခိုင်းမလို့လဲဟင်''

"မင်းအမေ ငါ့ဖို့ အရက်ဖိုးပေးသွားလား''

"ဟို.....မပေးသွားပါဘူး ဖေဖေ''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now