The King(S-2)

1.9K 111 6
                                    

လကြတ်တဲ့ည

ကိုရီးယားနိုင်ငံရဲ့အထင်ကရနန်းတော်ထဲကပုံရိပ်တွေ ကားသံတွေဟာဆူညံနေပေမဲ့လည်ပတ်ခွင့်ပိတ်ချိန်မို့နန်းတော်ဝင်းအတွင်းတိတ်ဆိတ်နေ၏

မီးတိုင်ဝါဝါတွေအောက်မှာ လူခြေကတိတ်နေသည်

ပြေးလွှားနေတဲ့အဖြူရောင်ပုံရိပ်တွေကြား ညီလာခံနန်းတော်အတွင်းလှည့်ပတ်နေတဲ့ပုံရိပ်အမဲကြီး

နိုးထလာပြီ လကြက်ညမှာအငြိုးကြီးဝိညာဉ်တွေနိုးထကျလိမ့်မည်

"ချစ်တယ် ဟွမ်း"

"အင်း..သံသရာအဆုံးထိ"

လူနှစ်ဦးရဲ့အသံ

မောမောဟိုက်ဟိုက်နိုးထလာတဲ့တစ်ခဏမှာနဂိုထဲကနေသားကျလာကျအခန်းကျဉ်းကအသက်ရှူမဝသလို နေေရာင်ခြည်အနည်းငယ်သာရှိတဲ့စုတ်ပြတ်နေတဲ့ပတ်ဝန်းကျင်အတွင်းမှာအိပ်ရာခင်းပေါ်အဝတ်အစားတွေပျံ့ကျဲလို့

ဆံပင်တွေက‌ကွေးလိမ်ပြီးအိပ်ရာထပ်မှုလူးလှိမ့်နေသည်မွန်းကြပ်သည်အသဲအသန်ကုန်းထပြီးအသက်ဝဝရှူကာတွေးမိပါ၏ အိပ်မက်တစ်ခုထဲမှာသူကဘုရင်တစ်ပါးရဲ့အမျိုးသားကြင်ယာတော်ပါဖြစ်ရသေးသည်

စိတ်ညစ်ရတဲ့ကြားထဲ ဘယ်လိုဖြစ်ရတာလဲ

စို့နင့်မှုသည်အဓိပ္ပာယ်မရှိတဲ့အိပ်မက်လိုလိုလက်တွေ့လိုလိုထဲမှာတကယ်စီးမြောခဲ့ပါ၏

Felixသည်ခေါင်းကဆံပင်တွေကျွတ်ထွက်တတ်ဆုပ်ကိုင်ထားရင်းအော်ရီသည်
ဒူးအထက်ဘောင်းဘီကိုဝတ်ထားတဲ့ပေါက်ပြဲနေတဲ့ခြေထောက်တွေသည်တစ်ဖက်နဲ့တစ်ဖက်ပွတ်တိုက်နေပါ၏

ခြောက်ကပ်ကပ်ရီသံလေးဟာဟာသတစ်ခုကိုကြားလိုက်ရသလို ထပ်ထပ်ပြီးရီနေတာမျက်ရည်လေးတွေတောင်မျက်ခန်းစွန်းကကျနေသည်

တဟားဟားနဲ့ရီသံသည်ပိုပိုကျယ်လောင်လာပါ၏

....................................….....

"အဲ့ဒီ့ဆေးတွေမပြီးသေးပဲဖြန့်လိုက်တာလား
မင်းတို့ကောင်တွေစောက်သုံးမကျဘူး
ရတဲ့နည်းနဲ့ပြန်ယူလာ!!!"

အခန်းကျယ်ကြီးထဲအသံတစ်ခုကဟိန်းထွက်နေသည် သူတို့ခေါင်းဆောင်မီးနဂါးကြီးလို့ခေါ်ကျသည် ‌တိတ်တဆိတ်နဲ့အေးတိအေးစက်နေပြီးဒေါသထွက်လာရင်တော့မီးပွင့်မတတ်ကြောက်ဖို့ကောင်းသည်

ဆင်စွယ်ရောင်နဲ့အနက်ရောင်အချိုးကျရှိသောအခန်းကျယ်အတွင်း
ရွှေရောင်အနားကွတ်ထားတဲ့နဂါးပုံစံတွေသည်နေရာတိုင်းမှာ

စုံလှည်ကုလားထိုင်ကြီးလှည့်လာပြီးနောက်ဓားမြှောင်တစ်ချောင်းကသူတို့အနောင်ဖက်ကိုလာစိုက်တဲ့အခါ အသံတွေတုန်တုန်ယင်ယင်

"မဟုတ်ပါဘူးခေါင်းဆောင် ကျွန်တော်တို့
ကောင်လေးတစ်ယောက်ကိုပေးမြည်းရုံပါ"

"ဘယ်က‌ကောင်လဲ"

Hyunjin နဂါးကြီး
တံတောင်ဆစ်အထိလက်‌ေခါက်တင်ထားတဲ့အနက်ရောင်ရှပ်အင်္ကျီနဲ့စတိုင်လ်ပန်အဖြူကို
ဝတ်ထားသည် သန့်ပြန့်နေတဲ့ဝတ်ပုံစားပုံသည် ခေါက်တင်ထားတဲ့အင်္ကျီလက်အောက်ကနဂါးပုံတက်တူးတွေကြောင့်ပိုပြီးမိုက်နေသည်

သာမန်လူတွေဆံပင်အရှည်ထားတာကြည့်ရဆိုးပေမဲ့ ဒီနဂါးကြီးနဲ့ကျ အနက်ရောင်ဆံပင်တွေဟာသန့်ပြန့်နေသည်

ကြယ်သီးဖြုတ်ထားလို့ခပ်ရေးရေးမြင်ရတဲ့ရင်အုတ်တွေအထိတက်တူးအပိုင်းအစတွေရှိနေခဲ့သေးသည်

မူးယစ်ဆေး ပြည့်တန်ဆာ ကြေးစား လက်နက်မှောင်ခို ကာစီနိုစတဲ့အရာတွေအထိရှိပေမဲ့ ‌ဆေး‌ကတော့အဓိက

ဟိုတလောကမှပညာရှင်တွေနဲ့ဖန်တီးထားတဲ့မူးယစ်ဆေးအသစ်တစ်မျိုးသည် သူတို့လောကမှာတရားဝင်မဖြန့်ရသေးပါပဲ
ဂိုဏ်းသားတွေလက်ယားလိုက်ပြီ

ပေါ့ပေါ့တန်တန်လမ်းဘေးဂန်းစတားတွေမဟုတ်တဲ့အတွက်ဒီကိစ္စကတကယ်အရေးကြီးနေသည် အကျိုးသပ်ရောက်မှုရေရေရာရာမသိရသေးတဲ့အတွက် ဒီဆေးကြောင့်ဘာအကျိုးသပ်ရောက်မယ်မသိ

"တံတားအောက်ကအိမ်ခြေရာမဲ့တစ်ယောက်ပါ"

"ရအောင်သွားခေါ်လာခဲ့ မရမချင်းမင်းတို့တွေပြန်မလာနဲ့!"

The King (Season 2/Completed)Where stories live. Discover now