2

18.7K 1.1K 43
                                    

Unicode





အကိုချောလေး၏ကားမှာ မီးပွိုင့်နှင့်အတော်လေး ဝေးကွာသွားတော့သည် ။ မြူမှာတော့ ငေးငေးကြီးရပ်နေမိရာ ကိုဖိုးဖြူက ပုခုံးလာပုပ်မှသာ အသိပြန်ကပ်တော့သည် ။

"ဟဟျောင့်! ဇွတ်ငေးမနေနဲ့ လမ်းမကြီးမှာ ''

"သိ....သိပါတယ် ကိုဖိုးဖြူးကလဲ''

"ခုနကားက မင်းစီက ပန်းအကုန်ဝယ်သွားတာလား''

"ဟုတ်တယ်ဗျ အဟီး....အကုန်ကုန်ပြီဆိုတော့ အိမ်စောစောပြန်လို့ရပြီ''

"အေးပေါ့ကွာ မင်းကတော့အိမ်ပြန်လို့ရပြီ ငါ့မှာတော့ ဂျာနယ်တွေအများကြီး ကျန်နေသေးတယ် ဟင်းး''

လက်ထဲက ဂျာနယ်အထပ်လိုက်ကိုကြည့်ပြီး စိတ်ဓာတ်ကျနေတဲ့ ကိုဖိုးဖြူအား မြူဒေါင်းနှိမ့်သိမ့်ဖို့ စကားစလိုက်၏ ။ ကြယ်ရောင်တောက်နေသည့် အပြုံးလေးက မပါမဖြစ်ပေ ။ မြူဒေါင်းက ဘယ်လောက်ပဲ ခက်ခဲခက်ခဲ အမြဲအပြုံးလေးနှင့် ရင်ဆိုင်တတ်သည့်အကျင့်လေးရှိနေတာဟာ အတော်ချစ်စရာကောင်းလှသည် ။

"ကဲပါ.....ကိုဖိုးဖြူရာ စိတ်ဓာတ်ကျမနေပါနဲ့ သားကူရောင်းပေးမယ်လေနော်''

"အဟေး.....တကယ်လား''

"တကယ်ပါဗျာ....''

ကိုဖိုးဖြူစီက ဂျာနယ်တစ်ဝက်ခွဲယူလိုက်ပြီး ကားလမ်းမဘေးမှာ လိုက်လှန်ရောင်းနေတော့သည် ။ မြူဒေါင်း၏ မျက်နှာကြည်ကြည်၊ အပြုံးချိုချိုလေးကြောင့် ကားသမားတွေကလည်း ဝယ်ယူအားပေးကြ၏ ။ သူတစ်ခါပြုံးလိုက်ရင်လည်း ညအမှောင်ကောင်းကံမှ ကြယ်လေးများကဲ့သို့ တောက်ပနေသည် ။ မြင်သူတိုင်း၏ ရင်အားဖရဲသီးစားလိုက်ရသလို အေးမြကြည်လင်သွားစေနိုင်တာမျိုးပင် ။

"ကဲ....ဂျာနယ်တွေလဲ ကုန်သွားပြီ ၊ ကျေးဇူးပါ မြူဒေါင်းရာ ရော့....စျေးကူရောင်းထားတာ မုန့်ဖိုးယူ''

ကိုဖိုးဖြူက လက်ထဲက ငါးရာတန်အရွက်လေးအား သွားအဖွေးသားဖြဲရျ် ပေးလာသည် ။ မြူဒေါင်းက ပြန်ပြုံးပြလိုက်ရင် အငြင်းစကား ဆိုလိုက်တော့၏ ။

"မဟုတ်တာဗျာ သားက ကိုဖိုးဖြူကြီးကို ကူရောင်းပေးချင်လို့ရောင်းပေးတာပါ မုန့်ဖိုးလိုချင်လို့ ဟုတ်ပါဘူးဗျာ ''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now