အပိုင်း { ၃၇ }

23.5K 2.2K 293
                                    

Unicode

ဒေါ်နန်းယဥ်လှ သည် သူ့ဆီကိုဘယ်နှကြိမ်မြောက်ရောက်လာမှန်းမသိတဲ့ စာအိတ်အဖြူလေးကို ကိုင်ဖတ်နေရင်း သားဖြစ်သူအပေါ်စိုးရိမ်ရင်းနဲ့ပင် စိတ်ဆိုးနေမိသည်။

သူမသည် သားဖြစ်သူအပေါ်အများကြီးမျှော်လင့်ချက်ထားတတ်တဲ့မိခင်တစ်ယောက်မဟုတ်ပါဘူး။သူ့အရွယ်နဲ့သူ။ အိမ်ထောင်ရက်သားကျပြီး ကောင်းမွန်တဲ့မိသားစုလေးတစ်စုနဲ့တည်ငြိမ်ရင်ပဲကျေနပ်တဲ့မိခင်မျိုးပါ။ အရွယ်ရောက်ပြီးသားယောက်ကျားလေးတစ်ယောက်မို့ လူငယ်ချင်းချစ်ကြိုက်တာတွေလည်းပိတ်ပင်မယ့်မိခင်မျိုးမဟုတ်ပေမယ့် သူမသားဖွင့်ပြောလာတဲ့ ကိစ္စတစ်ခုအတွက်တော့သူမတကယ်အံအားသင့်ခဲ့ရသလို ဒါဟာဘယ်လိုမှမဖြစ်နိုင်လောက်ဘူး လို့တထစ်ချယုံကြည်ထားမိတယ်။ ဒါ့ကြောင့်လည်းသူမသားဆီဘယ်တုန်းကမှစာမပြန်ခဲ့ဘူး။ ဒါဟာ သူမရဲ့အဖြေပဲ။

ဒါပေမယ့် ခေါင်းမာလွန်းတဲ့သူမသားဟာ သူ့ချစ်သူကောင်လေးဟာ ဘယ်လောက်တော်ကြောင်း၊ သူ့အပေါ်ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက်ထိသူ့အပေါ်မှာအလေးအနက်ထားတယ်ဆိုတာကအစ သူမအား ဇွဲရှိရှိနဲ့စာတွေဆက်တိုက်ဆိုသလိုပို့လာခဲ့တယ်။

အဲ့လိုပို့လာပေးလို့လည်း တဖက်ကောင်လေးအကြောင်းကို ဒေါ်နန်းယဥ်လှ ပိုသိလာခဲ့ရပါတယ်။ ကြာလာတော့ သူမ မှာ သားအပေါ်ဒေါသစိတ်ကလေးနည်းနည်းတောင်မရှိတော့ပေမယ့် သူမကိုလွမ်းကြောင်းအစချီကာ သူ့ချစ်သူအကြောင်းတွေသာသီကာပတ်ကုန်းပြောတဲ့ သားအပေါ်စိတ်ချဥ်ပေါက်လာမိ၏။

ပက်ဝန်းကျင်ရဲ့အပြောအဆိုတွေကြား သားလေးစိတ်ဆင်းရဲမှာစိုးရိမ်ပေမယ့် အဓိကကတော့ သားငယ်လေးစိတ်ချမ်းသာပြီးပျော်နေခြင်းကအရေးကြီးဆုံးပါပဲလေ။

ဒေါ်နန်းယဥ်လှ စာဖတ်ပြီးသည်နှင့် စာရွက်လေးကိုသပ်ရပ်စွာပြန်ခေါက်ပြီးနှုတ်ခမ်းတို့ကပြုံးလျှက်နေ၏။
ဒေါ်နန်း ထိုင်ရာဘေးခုံသို့ ဒေါ်လေးမြိုင်ဝင်ထိုင်ပြီးနောက် သူလည်းပဲအပြုံးတွေနဲ့ပင်။

" ဘယ်လိုလဲ နန်း။ သား ဆီကဘာပြောလဲ "

" ထုံးစံအတိုင်းပဲပေါ့မြိုင်ရယ်။ သူ့ကောင်လေးအကြောင်းတွေချည်းအမွန်းတင်နေတာ။"

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now