After Falling In Love-7(Unicode)

56.6K 4.7K 714
                                    

ရီပို့စာအုပ်နှင့် လက်မှတ်ထိုးစာအုပ် နှစ်အုပ်ကို အပေါ်အောက်ထပ်ကာ ရင်မှာပိုက်လိုက်ပြီး အရိုးဆောင် နားနေခန်းထဲမှ လင်းထက် ထွက်ရန်အပြင်

"ဟေး ညီလေး လင်းထက်နောင်၊ ရီပို့သွားပို့တော့မလို့လား"

"ဟုတ်ကဲ့ ကိုပြည့်စုံ"

"အာ...ဒါဆို သည်မှာ တစ်ခါတည်း CME ဖိတ်စာလေးတွေယူသွားပေးပါဦးကွာ၊ Maternity ရယ်၊ Gynae ရယ် နဲ့ Child အတွက်ရော၊ Child ကတော့ အောက်ထပ်ကိုသာ နှစ်ခုလုံးစာပေးခဲ့လိုက်လို့ရတယ်၊ နောက်ပြီး ဒါက ဆေးရုံအုပ်အတွက်၊ သည်မှာ နာမည်လေးတွေလည်း ပါတယ်၊ ညီလေး တစ်ခါတည်းသွားရင်းဖိတ်ပေးပါဦးကွာ၊ နော် အဆင်ပြေတယ်မဟုတ်လား"

လင်းထက် လှိုက်လှိုက်လှဲလှဲပင် ခေါင်းညိတ်ပြလိုက်မိသည်။ သန်ဘက်ခါပြုလုပ်မည်ဖြစ်သော အရိုးဆောင်၏ CME အတွက်
ဖိတ်စာတစ်ထပ်ကို ထိုးပေးလာသော ASအစ်ကို ကိုပြည့်စုံအား အနည်းငယ်မျှ ငြူစူခြင်းပင်မဖြစ်မိပါ။ ကိုပြည့်စုံပြောသည့်အထဲ Maternity ဟူသည့်အမည်တစ်ခု စပါလာကတည်းက ဤကဲ့သို့ဖိတ်စာ နောက်တစ်ထပ်လောက် လာစေကာမူ လင်းထက်ကြည်ကြည်ဖြူဖြူဖိတ်ပေးဦးမည်မှာ အသေအချာပါပင်။

"အေး...အေး၊ ဒါဆို အစ်ကို စိတ်ချမယ်နော်"

"ဟုတ်ကဲ့ စိတ်ချပါဗျ"

ဖိတ်စာများကို စာအုပ်ကြားညှပ်၍ အပြုံးတို့ဖောသီလျက် အရိုးဆောင်ထဲမှ လင်းထက် ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် ရီပို့အရင်သွားပို့ရမလား သားဖွားဆောင်ဆီဖိတ်စာအရင်သွားပို့ရမလား ဝိရောဓိတွေးတောဗျာများရင်း နောက်ဆုံး ဆေးရုံအုပ်ရုံးခန်းသို့ သွားမည့်လမ်းကိုကျော်၍ သားဖွားဆောင်အောက်သို့ လူကတန်းရောက်သည်။

မတတ်နိုင်။ ခြေဗွေက သည်ကိုအရင်ဦးတည်တော့ သည်ကိုပဲအရင်သွားလိုက်တော့မည်။ သားဖွားဆောင်၏ လှေကားထစ်များကို နင်းတက်လာရင်း ဟိုလူကြီးတစ်ယောက် လင်းထက်ကိုမြင်လျှင် အံ့ဩသွားမည်ကို ကြိုတွေးမိတော့ ခပ်စစပြုံးရင်း ပျော်မိရပြန်သည်။ ခဏလေးဆိုလျှင်တောင် ချစ်သူရှိရာအရပ်သို့လာရခြင်းက ရင်တဖိုဖိုဖြင့် မရိုးနိုင်သည့် ခံစားချက်ကို ပေးစွမ်းမြဲ။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now