5

496 74 0
                                    

"အစ်ဂ်"

သန်မာတဲ့လက်ဖျံကြီးရဲ့ဂုတ်ကဆွဲခေါ်မှုအောက်တွင်Felixခြေထောက်နဲ့မြေကြီးပါလွှတ်မတတ်ပါသွားကာနန်းတော်တံခါးဝထဲဝင်သွားသည် လည်ပင်းကပါအစ်သွားရတာမို့အသံမထွက်တော့ တကယ်လူကိုကြောင်ထင်နေလား

"လွှတ်..အ့ လည်ပင်း လည်ပင်းအစ်တယ်"

"ဟိုကိုကြည့်"

လွှတ်လွှတ်ပြီးချင်းမှလည်ပင်းကိုအုပ်ကိုင်ထားရသည်အဲ့ဘဲကြည့်ခိုင်းတာကိုကြည့်လိုက်တော့ နန်းရင်ပြင်တစ်ခုလုံးတွင်မည်သည့်လည်ပတ်သူမှမရှိ ရှေ့တည့်တည့်မှာညီလာခံခန်းမဆောင်ကြီးကဝမ်းနည်းစရာခြောက်ကပ်ကပ်ကြီးကျန်ခဲ့သည်

"ဒီနေ့လူတွေဘာလို့မရှိတာလဲ"

"ငါလာမှာမို့လို့"

"မင်းကဘာမို့လို့လဲ"

"Hwang HyunJin မို့လို့"

ရှီးဘား အဲ့ဘဲလေကြီးလေကျယ်တအား အော့ ဝေါ့
နေရာမှာတင်လက်ထိုးအန်ချင်စိတ်ဖြစ်သည် နန်းတော်ဧရိယာမှာမို့လို့လုပ်လို့မကောင်းဘိုးဘေးတွေကိုင်နေမှ

"အရှေ့ကိုကြည့်"

ရှေ့ကညီလာခံခန်းမကိုပဲကြည့်ခိုင်းနေသည် ဘာတုန်းပျင်းခြောက်ခြောက်ကြီးကိုအရင်ကဆို

အရင်ကဆို?
အရင်က အခုအိပ်မက်ကိုပါတွေးမိလိုက်တာလား

ဒီညီလာခန်းခန်းမဆောင်ရှေ့မှာလီဟွမ်းတန်ပြန်တိုက်စစ်ချီပြီးသူနဲ့တကွပြန်လာတဲ့ဥလုံးလေးပါပါလာ၏
မယ်တော်ကြီးက‌ဒီလှေကားထစ်တွေပါဆင်းပြီးပြေးဖက်လာတာ

ကျွန်တော့်ဥလုံးလေးလို့ပြောတဲ့အခါငါ့းလဲပဖေပါကွဆိုပြီးတိုနေတဲ့လီဟွမ်းနဲ့ချစ်စရာ‌ကောင်းအောင်အငြင်းပွားခဲ့ကျသည်

"မင်းဘာတွေပြုံးနေတာလဲ"

အတွေးနဲ့အတူပြုံးနေတဲ့FelixအားHyunJinငုံ့ကြည့်လာ၏ Felix အသိစိတ်ကပ်ချိန်တွင်နေကာမျက်မှန်ကြီးနဲ့သူ့ကိုလာကြည့်နေတဲ့စိတ်ကြီးဝင်နေတဲ့ကောင်သာရှိသည်

နန်းတော်ထဲရောက်သည့်တိုင်လီဟွမ်းကိုသာတမ်းတသည် ငယ်ငယ်ထဲကဘဝကကြမ်းတာလာတာမို့တစ်ဦးတည်းသောဂရုစိုက်ပေးတဲ့အိပ်မက်ထဲကလီဟွမ်းဆိုတဲ့ဘုရင်ကိုသာတမ်းတသည်

The King (Season 2/Completed)Where stories live. Discover now