Chapter 19

6.3K 399 15
                                    

"မနေ့က ကောင်လေးတစ်ယောက်နဲ့အိမ်ပြန်သွားတယ်ဆို ?"

စာသင်ချိန်တစ်ချိန်ပြီးတော့ စိမ့်အရှေ့တန်းက ကောင်မလေးတစ်ယောက်ကို ဖယ်ခိုင်းပြီးသူကဝင်ထိုင်တယ်။စိမ့်နဲ့ မျက်နှာချင်းဆိုင်အနေအထားနဲ့ စိမ့်စားပွဲပေါ် လက်တင်မေးထောက်ကာ ဆိုလာသည်။ အပေါ်က ကာကီရောင် ကျောင်းယူနီဖောင်းကုတ်ကို ကိုမဝတ်ထားဘဲ Necktie အစင်းကြားလေးနဲ့ အောက်ခံ တီရှပ်ဖြူက ရင်ဘက်မှာ Name plate လေးနဲ့ဖြစ်သည်။လက်ပေါ်က G-Shock GMB2100D ကိုဝတ်ဆင်ထားပြီး ဖြူသွယ်နေတဲ့ လက်ချောင်းဖြူဖြူလေးတွေကို ခုံကိုတစ်ဒေါက်ဒေါက်ခေါက်နေသေးသည်။သွေးကြောမျှင်တွေ စိမ်းစိုနေပြီး လက်တစ်လျှောက် ထူထူထဲထဲ အမွေးအမျှင်တွေက ကြည့်ကောင်းလှသည်။

စိမ့်ကတော့ သူ့ရဲ့ ကြုံ့ထားတဲ့ မျက်ခုံးထင်းထင်းကြီးတွေကိုကြည့်နေမိသည်။သူမနေ့က မနက်ပိုင်းလာကြိုပြီး ကျောင်းကိုပို့ပေးတယ် အပြန်အိမ်လိုက်ပို့ရမှာကို ပျက်ကွက်သလိုမမမြတ်နိုးတို့လာကြိုမည်ကိုလည်း ကန့်ကွက်ထားတယ်မဟုတ်လား။

" ငါက  မင်းကြိုမချင်း ထိုင်‌ေစာင့်ပေးနေရမှာလား?"

ကောင်းကင်အမေးကို သူကလည်း အမေးနဲ့ပိတ်သည်။ ဒီအပြောအဆိုဟာ စိမ့်ငယ်သူ့ကို ဒေါသထွက်နေသည့်အနေအထားဆိုတာ ကောင်းကင်သိတယ်။ဒါကြောင့် သူကပဲတစ်ထစ်လျှော့ရပြန်တယ်

" ကိုယ့်ကို ဖုန်းဆက်လို့ရတယ်လေ ကိုယ်လည်း ရုတ်တရက်အစည်းအဝေးပေါ်လာလို့ မင်းကို မေ့သွားတာ "

မေ့တယ်?

"ဒါဆို ငါ့ကို လာမစိုးမိုးထားနဲ့ မမမြတ်နိုးတို့ကို လာမထိန်းချုပ်နဲ့ စိတ်ရှုပ်တယ် ကောင်းကင်ထက်ယံ"

ထိုအခါမှ ပိုဆိုးသွားတော့သည်။ ကောင်ကင် စိမ့်ငယ်ကို တစ်ခဏမျှ လစ်ဟင်းမသွားအောင် သူ့မျက်နှာလေးကိုကြည့်ပြီးပြောနေခဲ့တာ မေ့သွားတာ ဆိုတာကို ပြောမှ မျက်နှာလေးတည်တင်းသွားတာဖြစ်သည်။ ဒါ့ကြောင့် စိမ့်ငယ်ဟာ သူ့ကိုစိတ်ပိုဆိုးသွားတာဖြစ်သည်။

" ကိုယ်မှားတယ် စိမ့်ငယ်လောက်ဘာကမှအရေးမကြီးတဲ့ကိစ္စကို ကွာ ကိုယ်တကယ်ပဲ အသုံးမကျဘူး ကိုယ်မင်းကို ဘယ်လို စိတ်ဆိုးပြေအောင်လုပ်ပေးရမလဲဟင်"

I am not girl(Complete)Where stories live. Discover now