8

470 70 1
                                    

"ဒီဟာ ဒီဟာအရင်စားပြီးရင် ဖေဖေတို့ဒီကထွက်ကျမယ်"

ဖေဖေ ဘာပဲဖြစ်ဖြစ်မိဘပါမေးလို့မရတဲ့ကလေးနှစ်ယောက်ဟာFelixကိုဖေဖေဆိုပြီးတကြော်ကြော်ခေါ်နေတာမို့အရင်ဆုံးပါလာတဲ့အဝတ်တွေနဲ့အေးသပ်ပြီးတုန်ယင်နေတဲ့ကလေးတွေကိုနွေးထွေးစေပြီးပေါင်မုန့်ထုတ်တွေထုတ်ကျွေးထားသည်

မောင်နှမနှစ်ယောက်ကာဂူကြီးနားမှာငြိမ်ငြိမ်လေးထိုင်စားနေကျသည် Felix ကဂူနံရံမှာခေါင်းကိုမှီထားသည် မျက်လုံးတွေကိုမှိတ်ထားလိုက်ကာတစ်ခုခုကိုတွေးမိသည်

ဘာတွေလဲဆင်တူလွန်းတဲ့အဖြစ်အပျက်တွေ
နောက်ဆုံးဘယ်ကမှန်းမသိရောက်လာတဲ့ကလေးနှစ်ယောက်သည်သူ့ကိုသာအားကိုးတကြီးဖေဖေလို့ခေါ်နေသည်

အိပ်မက်ထဲ မဟုတ်ဘူး အတိတ်ဘဝကိုပြန်မြင်တုန်းက ကလေးတွေသည်အားနှစ်နှစ်အရွယ်သာသာအထိပဲမြင်ခဲ့ရသည် အခုသည်လေးငါးနှစ်လောက်ရှိသလိုစကားတွေလဲပြောတတ်နေသည် ခပ်ဝေဝေဝါးဝါးပုံအရဒီမောင်နှမနှစ်ယောက်သဘ် အတိတ်ဘဝကလီယန်းနဲ့လီမေပုံစံနဲ့တစ်ထပ်ထဲ

ဒီအခြေအနေမှာဒီကလေးတွေပါပါမှဖြစ်မှာလား
အန္တရာယ်တွေများလွန်းတယ် ဆော့နေတဲ့နှစ်ယောက်ကိုကြည့်ရင်းFelixတိုးတိုးလေးရေရွတ်သည်

"ဘာလို့ရောက်လာခဲ့တာလဲကွာ"

.............

HyunJin သည်အပူတပြင်းရှာဖွေနေသည် အခုဆိုစံအိမ်ကြီးတစ်ခုလုံးမီးရှိူ့ဖျက်ဆီးခဲ့ရသည်ပုံစံတူလုပ်ထားတဲ့ရေချိုးဆောင်ကအစပါသွားပေမဲ့ပုံစံတူလုပ်ထာတဲ့ကြွေသားအလုံးလေးနှစ်ခုကိုပါအောင်ယူခဲ့သည်

ပြာပုံကြီးကိုနောက်ခံထား၍ပျံတက်လာတဲ့လေယာဉ်ငါးစင်းဟာမီးလျံထဲကထွက်လာတဲ့ငှက်တွေလိုပဲ

တစ်စီးနဲ့တစ်စီးဆက်သွယ်ဖို့ကိုအစုံးပြုတဲ့ဆက်သွယ်ရေးကိရိယာကိုHyunJinလက်ထဲကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားသည်

ပူအိုက်လွန်းလာတာတာမို့ရှပ်အင်္ကျီကိုပါချွတ်ပစ်လိုက်သည်လက်ပေါက်ကျယ်တဲ့စွတ်ကျယ်ဝတ်ထားပြီးလေတဖြူဖြူးဝင်တဲ့ပြတင်းပေါက်ဘေးထိုင်နေတာတောင်ပူလောင်လွန်းသည်

The King (Season 2/Completed)Where stories live. Discover now