9

452 78 1
                                    

"ထပါဦး.....တကယ်ပဲဘယ်ကစလို့ဘယ်လိုဖြစ်နေတာလဲ"

HyunJin ကိုယ်ကြီးကိုမရမကဆွဲထူပြီးဂူနံရံမှာမှီပေးထားသည် ကလေးနှစ်ယောက်ကHyunJinနားကလုံးဝမခွာဘူးလက်အကြီးကြီးနှစ်ဖက်ကိုသူတို့လက်သေးသေးလေးတွေနဲ့ဆုတ်ကိုင်ထားကာFelixအား နိုးမလာတော့ဘူးလားလို့ခဏခဏမေးတတ်သည်

ညနက်လာသည်အထိဒီကလေးတွေမအိပ်ဘူး စောင့်ပေးမယ်ဆိုလဲမအိပ်ဘေးနားမှာပဲတဂျီဂျီ

ဒိအတိုင်းအရင်ရေနဲ့ပက်ကြည့်လိုက်ရင်ရော နိုးသွားရင်တော့က‌လေးတွေအိပ်မှာပါ

Felixသည်စောစောကကလေးတွေစားထားတဲ့မုန့်အခွံထဲကိုရေတံခွန်ကရေနဲ့ရေခံပြီးနောက် HyunJin အနားပြန်ရောက်လာသည်

ရေတံခွန်အပြင်ဘက်တောနက်နက်ထဲတွင်ဇွန်ဘီနှစ်ကောင်သုံးကောင်လောက်ကမျက်မြင်တွေလို့‌လျှောက်သွားနေကျပေမဲ့မအံ့ဩဘူး စောစောကခြေသံကြီးတွေအများကြီး

သူဟိုအိမ်ကဂိမ်းစက်အကောင်းစားကြီ‌းတွေမှာတွေ့ခဲ့သည်ဇွန်ဘီကောင်တွေကညဘက်မမြင်ရဘူး
ပြီးတော့ရေတံခွန်ကအသံကြောင့်ထင်တယ် ဒီဂူထဲမှာတော့အေးအေးဆေးဆေးစကားပြောလို့ရသေးသည်

"ဖယ် သားတို့ခဏဖယ်"

ဗွမ်းကနဲမျက်ခွက်ကိုတည့်တည့်

ဟမ့်ပျော့လိုက်တာ မေ့နေရတယ်လို့အကြာကြီး
တွေးပြီးတော့မှာပြန်စဉ်းစားရသည်လေယာဉ်ပျက်ကျလာတာမလား သူ့စိတ်ကိုအရင်လျော့ထားရမယ်

ရေနဲ့ပက်လိုက်တဲ့အခါအော်ငိုတဲ့ကလေးတွေတွေ
ဟင်မဟုတ်ဘူးလေ ရှူးးး

"ရှူးတိုးတိုးအပြင်မှာအကောင်ကြီးတွေလေ"

"အင်းးးး"

အင်းကနဲအသံကြားတာရယ် အကောင်ကြီးတွေဆိုနာရယ်ကြောင့်လားမသိတိတ်သွားကျတဲ့ကလေးနှစ်ကောင်

"သတိရပြီလား"

မျက်လုံးကမပွင့်သေးတာမို့Felixသည်မျက်နှာချင်းဆိုင်ဒူးထောက်ထိုင်ကာHyunJinရဲ့နဖူးပေါ်ကျနေတဲ့ဆံပင်တွေအားသပ်တင်ပေးသည် ချွေးစတွေလားရေစ‌ေ‌တွလားမသိပေမဲ့စိုစွတ်စွတ်အထိအတွေ့နဲ့အတူပူကျစ်နေတဲ့အထိအတွေ့

The King (Season 2/Completed)Where stories live. Discover now