Unicode
Club ကနေစိုင်းတို့ သောက်ကြစားကြပြီး အိမ်ပြန်ဖို့အချိန်တန်လာတော့သည် ။ ကောင်းခန့်ကတော့ မူးပြီးရစ်နေတဲ့ဂျိန်းအားတွဲလို့ ပြန်သွားတော့သည် ။
စိုင်း သူ့ကားရှေ့အရောက် ဆေးလိပ်သောက်ဖို့ ဘောင်းဘီအိတ်ကပ်ထဲ နှိုက်ယူလိုက်တော့ ဆေးလိပ်ဗူးအစား အဝါရောင် ပုဝါလေးပါလာ၏ ။
သူပုဝါကိုကြည့်နေရင်း အတွေးထဲပြန်ပေါ်လာတဲ့ မျက်ဝန်းဝိုင်းလေး ။ အပြာရောင်ပင်လယ်ပြင်ကြီးလိုမျိုး အေးမြလန်းဆန်းစေတဲ့ အကြည့်တွေ ။ တစ်ခါပြုံးလိုက်ရင် သူ့အပြုံးကကြယ်တစ်စင်းလို တောက်ပနေပြီး ဖရဲသီးစားရသလို ချိုမြလတ်ဆတ်နေ၏ ။
အလှဆုံး အပြုံးဆိုတာ ဒါမျိုးကိုပြောလေသလား ။
တစ်ရာမှ တစ်ယောက်မရှိဖူးတဲ့ အလှတရားမျိုး....
အလှနတ်ဘုရားလို့တောင် စာပေဖွဲ့ချင်စရာကောင်းသည် ။
နေပူပူအောက် ပွင့်လန်းတောက်ပနေသည့် စံပယ်ပန်းတွေလို ဖြူစင်သန့်ရှင်းလှသည် ။သူ့အတွေးထဲမှာ ထိုကောင်လေးအား တင်စားဖော်ပြနေမိလိုက်တာ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်မေ့သွားတော့မလိုပင် ။
ငါဘာတွေ ဖြစ်နေပါလိမ့်!
ခေါင်းထဲက မဟုတ်မဟက်အတွေးတွေကို မောင်းထုတ်ပစ်လိုက်ရင်း ကျစ်စုတ်လိုက်သည် ။ ထိုပုဝါကိုပါ အိတ်ကပ်ထဲ ပြန်ထည့်ပစ်လိုက်ပြီး ဆေးလိပ်ဗူးထဲကတစ်လိပ်အား မီးငြှိရျ် တစ်ချက်ဖွာပစ်လိုက်သည် ။
ကားတံခါးကို မှီရပ်ရင်း ဆေးလိပ်ကို ဇိမ်ခံသောက်နေလိုက်သည် ။ အချိန်ရယ်က အတော်လေး ညနက်နေပြီ အိမ်ပြန်ရင်တော့ ဒယ်ဒီက သူ့ကို ဆူပူနေတော့မှာအမှန်ပေ ။ အကြီးရပ်နေပြီးမှ ဆေးလိပ်တိုကိုမြေပိုချလို့ ခြေနဲ့နင်းခဲ့ပြီး အိမ်ကို ပြန်ခဲ့တော်၏ ။
.....................
"မေမေရေ သားကိုဒေါ်လေးသီတာက သူနဲ့ဘုရားမှာ ပန်းရောင်းလိုက်ခဲ့ဖို့ ခေါ်ထားလို့ သားသွားလိုက်အုံးမယ်နော်''
"အေးအေး သားလေး သတိထားသွားအုံး ကြားလားသား''
"ဟုတ်ကဲ့ မေမေ သားသွားပြီ''
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။