အပိုင်း(31) Un Zaw

2.9K 292 16
                                    

"ဟားဟား အာစိတကယ်ကြီး ပြန်ယူလာတာပေါ့

"အာစိရယ်အသက်ဖြင့်ကြီးနေပြီ အဲ့လိုတွေကလုပ်တုံးလား

မနေညနေက ဟိုလူအိမ်မှဖြစ်ခဲ့တဲ့ဟာတွေကို ဒင်းတို့နှစ်ကောင်ပြန်ပြောပြပါတယ် ဟားတိုက်ပြီးအော်ရီနေကြတာမပြီးနိုင်ဘူး ကြာတော့အမြင်ကပ်လာပြီ

"မင်းတို့ဒီနေ့ရီလို့ ပြီးအုံးမှာလား

"ဟီးဟီး ပြီးပါပြီ

" ပြီးပြီဆိုရင်လဲ ငါမေးတာဖြေ

"ဒီကိစ္စမှာငါမှားတယ်လို့ မင်းတို့ထင်လား

"ထင်တယ်

"ထင်တယ်

ဟိုနှစ်ကောင်ရဲ့အသံကပြိုင်တူ

"ဘာလို့အဲ့လိုထင်တာလဲ ငါကမင်းတို့အာစိနော်

ခွပ်ဒေါင်းပြောတော့ ကျော်ကြီးကသူပုဆိုးကိုထခါပြီးတော့ ဖြေသည်

"အာစိဘဲစဉ်းစားကြည့်လေ ဘယ် ယောင်္ကျားလေးက နူတ်ခမ်းနီဆိုး မိတ်ကပ်လိမ်းမှာလဲ

" အဲ့လူရဲ့နူတ်ခမ်းတွေကအမြဲတမ်းနီရဲနေတော့ နူတ်ခမ်းနီဆိုးတယ်ထင်တာပေါ့ ပြီးတော့ မိတ်ကပ်ဝယ်ပေးတယ်ဆိုတာကလဲ သူကိုလှစေချင်လို့

ခွပ်ဒေါင်းပြောတော့ ဟိုနှစ်ကောင်ကထရီပါရော  ဘာပြောပြောရီ‌နေတော့ လူကစိတ်အချဉ်ပေါက်လာပြီ

အာစိက မျက်စောင့်နီကြီးနဲ့စိုက်ကြည့်နေတာမလို့ ကျော်ကြီးနဲ့ငမဲတူးဆက်မရီတော့ဘဲ စကားကိုရှေ့ဆက်လိုက်တယ်

"  အဲ့တာကထားလိုက်‌တော့နောက်တစ်ခု အဖြေပြန်မပေးလို့ဆိုပြီး ဆရာလေးအတွက်‌ ချောက်ကဝယ်လာတဲ့ဟာ‌ေတွပြန်ယူလာတယ်ဆိုတာကရော တကယ်လား

"ဟုတ်တယ် ငါကိုမှအဖြေပြန်မပေးတာ ပြန်ယူမှပေါ့ ငါကသူအဖြေပေးမယ်ထင်လို့ ပေးတာလေ

အာစိပြောပုံကလေ ငယ်ငယ်တုံးက ကိုယ်နဲ့ကစားတဲ့သူကိုမုန့်ကျွေးထားပြီး ကိုယ်နဲ့မကစားတဲ့အချိန်ကျ မုန့်ပြန်လျော်ခိုင်းတဲ့ ကလေးနဲ့တူနေသည်။

"အဲ့တာဆိုအာစိက ဆရာလေးအတွက် ဝယ်ခဲ့တာတွေတကယ် မပေးတော့ဘူးပေါ့ နှမြောစရာ

ဒေါင်းWhere stories live. Discover now