အခန်း-(၅၈) ဆုန်းလုကို ပြန်ခေါ်ဖို့ စဉ်းတောင်မစဉ်းစားပါနဲ့

149 31 0
                                        

Zawgyi


လီဝမ်က သူမရဲ့ ခွဲထုတ်‌သင်္ကေတကို လှစ်ဟပြပြီးတဲ့နောက် ပြန်လှည့်မလာသေးခင်မှာ သူမအဝတ်ကို အေးဆေးပြန်ဝတ်နေပါတယ်။

"ဒါကအမှန်တရားပဲ ကျွန်မက ဝိညာဉ်ခွဲထုတ်သူဖြစ်နေသလို လက်တစ်ဖက်ပြတ်နေတဲ့ မိန်းကလေး တုယွဲ့ကလည်း ဝိညာဉ်ခွဲထုတ်သူပဲ ဒါပေမဲ့ ဘယ်သူ့ရဲ့ ဝိညာဉ်ခွဲထုတ်သူဆိုတာတော့ ကျွန်မလည်းမသိဘူး ဒါကြောင့် ကျွန်မပြောချင်တာက ရှင်တို့တွေ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးဆိုတာပဲ"

"ငါတို့တွေ လိုက်ရှာနေခဲ့တဲ့ ဝိညာဉ်ခွဲထုတ်သူတွေက တားမြစ်ဇုန်မှာ တစ်ခါမှ ပေါ်မလာခဲ့တာကို အခုကျမှ ထူးထူးဆန်းဆန်း နှစ်ယောက်တောင်ပေါ်လာတယ်ဆိုပါလား ပြောရရင် ငါတို့က နင်ပြောတာ ယုံတယ်များထင်နေလား"

ကျောက်Sက လီဝမ်ကို ခပ်ထေ့ထေ့ပြန်ပြောလိုက်တော့ လီဝမ်က ပြုံးပါတယ်။

"အဲ့တာတွေက အမှန်တရားတွေမို့ နင် ယုံယုံ မယုံယုံ ကိစ္စမရှိပါဘူး ထပ်ပြောရရင် လူတိုင်းမြောက်ဘက် ခရိုင်ရဲ့ ဗဟိုခန်းမကိုရောက်ဖူးကြတာပဲ အဲ့အပေါ်မှာ မျက်နှာကျက်မရှိတာကိုတော့ ဘယ်သူမှ သတိမထားမိကြဘူးမလား"

လီဝမ် စကားကြောင့် ကျွန်မချက်ချင်းတွေးမိလာတယ်။ဟုတ်သားပဲ။ခန်းမဆောင်က စတုရန်းမီတာ ရာနဲ့ချီကျယ်ပြီး လေးဘက်လေးတန်မှာ နှင်းလိုလို အဖြူရောင်ကြွေပား နံရံလေးချပ်ကာထားတာပါ။မြောက်ဘက်နံရံမှာ လက်တွေ့ကမ္ဘာက အချိန်အတိုင်း ပြသလို့ရတဲ့ ဖန်သားပြင်အကြီးကြီးတစ်ခုရှိနေတာကလွဲရင် ပတ်ပတ်လည်မှာ ဘာမှမရှိတဲ့နေရာပါ။ဒါပေမဲ့ တစ်ခြားနေရာဘက်က တောက်ပနေတဲ့ နံရံတွေကိုကြည့်မိရင်တော့ မျက်စိကျိန်းစပ်လာမှာသေချာပါတယ်။

နောက်ပြီး ရှင်တို့သာ အပေါ်မော့ကြည့်မိမယ်ဆိုရင် အပေါ်ဘက်မှာ မျက်နှာကျက်မရှိဘူးဆိုတာ သတိထားမိမှာပါ။ပြောရရင် ခန်းမထိပ်ဘက်မှာ မျက်နှာကျက်မရှိဘဲ အဆုံးမရှိတဲ့ တွင်းနက်ပဲရှိနေတာပါ။ကျွန်မ အရင်တုန်းက မြင်ခဲ့မိပေမဲ့ အမှုမဲ့ အမှတ်မဲ့ပဲနေခဲ့မိတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Donde viven las historias. Descúbrelo ahora