13

480 73 14
                                    

"ရှေ့ကကုန်တိုက်ထဲဝင်မယ်"

"ဘယ်လိုဝင်မှာလဲ...ရှေ့မှာအဲ့လောက်အကောင်တွေနဲ့"

မြို့ထဲတော့စဝင်လာပြီ ဒါပေမဲ့ပိုများလာတဲ့အကောင်ရေတွေကအဆောက်အဦးတွေရှေ့မှာစုပြုံနေသည်

"အထဲမှာမကူးသေးတဲ့သူတွေရှိဦးမှာ ပြီးတော့ရိက္ခာမရှိတော့ဘူး"

ကားကတစ်နေရာဝေးဝေးမှာရပ်ထားရင်းအဆောက်အဦးအပြင်ကလမ်းပျောက်နေတဲ့ဇွန်ဘီကောင်တွေကိုနှစ်ယောက်သားကားထဲကကြည်နေသည် မကြာခင်မိုးလင်းတော့မည် မိုးလင်းရင်ဒီကောင်တွေမြင်ရပြီ

"ငါသွားမယ် မင်းကကလေးတွေကြည့်"

ဆိုကာသေနတ်ကြီးပစ်ပေးပြီးဓားရိုးကြီးကိုလက်မှာကိုင်လို့ကားတံခါးကိုဖွ့င့်ပြီးတစ်ယောက်ထဲဆင်းသွားသောHyunjinသည် Felix ဘေးပြတင်းပေါက်နားကနေပြီးအဆောက်အဦးထဲကိုကြည့်နေ၏

"ဘာလဲလိုက်မယ်လေ ခင်ဗျားကစူပါမန်းမို့လို့လား"

"ရာကူဇာ"

"ဟမ်"

အိုးမိုင်ဂေါ့

ရာကူဇာလား ရုပ်ရှင်တွေထဲကလူမိုက်လိုလိုဂန်းစတားကောင်လိုလိုမဟုတ်ပဲ မာဖီးယားတောင်မဟုတ်ဘူး
ရာကူဇာလား

ဝါးးး အဲ့တာကြောင့်ဂျပန်သွားသွားနေတာလား

"ရာကူဇာမီးနဂါးကြီးပေါ့ အယ့်လယ် ဘယ်ဆိုးလို့"

"စောက်ခွက်လာပြောင်မနေနဲ့ သတိကပ်နေ!"

ကားထဲကFelixသည် မှန်ပြတင်းပေါက်အပြင်ဘက်က
အာရုံစိုက်ပြီးကုန်တိုက်ထဲကြည့်နေတဲ့Hyunjinရဲ့လက်ကိုလှမ်းရိုက်ကာစပ်ဖြီးဖြီးဆိုပေမဲ့အဟောက်ခံလိုက်ရတာကြာင့်ကုပ်သွားကာ ကားနောက်ဘက်ကိုလှည့်ကြည့်သည်ကလေးနှစ်ယောက်ကဖက်အိပ်လို့

မနက်ဖြန်ညနေသူတို့ကယ်ဆယ်ရေးစခန်းရောက်မှရမည်
Lix Hyunjin ကိုလှည့်ကြည့်လိုက်သည် ကုန်တိုက်အဝင်ဝကဇွန်ဘီကောင်တွေကိုမီးတောက်နေတဲ့ဓားကြီးနဲ့ခုတ်ပိုင်းနေ၏

လက်ဖျံနှစ်ခုမှပတ်တီးတွေပတ်ထားသည် စွတ်ကျယ်အမဲအောက်ကနဂါးပုံတက်တူးတွေနဲ့ ဂုတ်လောက်အထိဆံ‌ပင်တွေဟာရှိသေးတဲ့အပြင် ဓားကြီးပါကိုင်ထားသည်

The King (Season 2/Completed)Where stories live. Discover now