6

13.5K 942 32
                                    

Unicode




"ဟိတ်ကောင် ရပ်လိုက်! အဲ့တာ မင်းအတွက်မဟုတ်ဘူး!''

"ကျစ်!''

အချိန်ကောင်းကိုဝင်ဖျက်ခံလိုက်ရတော့ စိုင်းမကျေမနပ်ကျစ်သပ်မိသည် ။ ထိုအသံဘက် ကိုယ်လှည့်လိုက်ကာ ကောင်လေးအား နောက်သို့ဝင်ပုန်းစေ၏ ။ နောက်ကကောင်လေးမှာတော့ တုန်ယင်ကြောက်ရွံ့လို့ သူ့အိင်္ကျီကို တင်းနေအောင်ဆုပ်ကိုင်ထားမြဲပင် ။

"ငါ့အတွက် ဟုတ်တာမဟုတ်တာက ငါနဲ့ပဲဆိုင်တာ မင်းတို့သာ ငါ့အချိန်ကောင်းကို ဝင်မရှုပ်ခဲ့ရင် သိပ်ကောင်းမယ်!''

"မင်းနဲ့မဆိုင်ဘူး ဟိုတစ်ယောက်ငါတို့နဲ့ပြန်လိုက်ခဲ့''

"ငါက ခွင့်ပြုနေလို့လား!!!''

သူ့ရဲ့အေးစက်စက် လေသံကြောင့် နှစ်ယောက်စလုံး မျက်ခုံးလှုပ်သွားကြသည် ။ တစ်ယောက်က အရဲစွန့်ပြီး သူ့ကိုမေးလာပြန်၏ ။

"မင်း ဘယ်သူလဲ ''

"စိုင်းတခေတ်မှိုင်း!''

ချက်ချင်းပင် သူတို့မျက်နှာက ကြောက်ရွံ့ကုန်ကြပြီး နောက်သို့ခြေလှမ်းတွေဆုတ်သွားကြသည် ။ စိုင်း၏ 'ဟက်' ကနဲရယ်သံကိုပါ ကြားသွားကာ ရှေ့ပင်ပြန်မတိုးရဲကြချေ ။

"မင်းတို့ အဲ့တာဘာလုပ်နေကြတာလဲ!!!''

နောက်ထပ်လူနှစ်ယောက်ထပ်ရောက်လာကာ ကြောက်နေတဲ့နှစ်ယောက်အား အော်ဟစ်နေသည် ။ ပြီးမှစိုင်းတို့ဘက် လှည့်လာပြီး စိုင်းကိုမြင်သွားတော့ အံ့သြရိပ်တွေသန်းကာ နေသည် ။

"လူ လူကြီးမင်းစိုင်း တခေတ် မှိုင်း''

"ငါ ဒီတစ်ယောက်ကို ခေါ်သွားမယ်!''

သူ၏ သြဇာညောင်းလှသောအသံက ဦးထင်းဆိုတဲ့လူကို ပိုတုန်လှုပ်သွားစေခဲ့သည် ။

"အဲ့ အဲ့တာက မဖြစ်လို့ပါ လူကြီးမင်းရယ် သူ့အဖေက ကျုပ်စီ ငွေသိန်းသုံးရာနဲ့ ရောင်းထားတာပါ''

"ဟင်......''

စိုင်းနောက်က ကောင်လေး၏ မယုံနိုင်ဖြစ်နေတဲ့ မျက်ဝန်းလေးတွေက ရုတ်တရက် အရည်ကြည်လေးများ ရစ်ဝိုင်းလာလေသည် ။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now