15

448 69 3
                                    

ကားလေးက‌တရွေ့ရွေ့သွားနေရင်းနဲ့မှသူ့ကိုလှည့်လှည့်ကြည့်နေတဲ့မျက်နှာသေးသေးလေးကပင်ပန်းပြီးချောင်ကျနေတာ ကိုယ်မပါရင်မသွားဘူးဆိုပြီးအော်နေပေမဲ့ကလေးတွေကိုအသုံးချကာထွက်သွားစေသည်

ကျောခိုင်းထားပြီးနောက်တဒုန်းဒုန်းအသံများသည် Felix ကားမောင်းထွက်သွားပြီဆိုတာပဲ

ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်သည် လူကိုယ်သုံးဆခန့်ရှိတဲ့မကောင်းဆိုးဝါးကြီးလေပေါ်မှာပျံသန်းနေလျက်ရှိသည်

"ဆင်းလာခဲ့"

နဂါးဓားကြီးကိုလေပေါ်သို့မြှောက်တင်လိုက်သည်
မီးတောက်နေတဲ့ဓားကြီးရဲ့အရောင်ဟာHyunjinရဲ့မျက်နှာမှာမီးရောင်လာဟပ်သည်

ပျက်ဆီးနေတဲ့အဆောက်အဦးသွေးစွန်းနေတဲ့မြေနဲ့မြို့ပျက်ကြီးထဲကပြာမှုန့်တွေကြားHyunjinနဲ့မကောင်းဆိုးဝါးကောင်ကြီးသာရှိတော့သည်

အရှိန်နဲ့ထိုးဆင်းလာတဲ့မကောင်းဆိုးဝါ‌ေကာင်ကြီးဆီကအသံထွက်လာသည် အသံဩဩကြီးဟာခန္ဓာကိုယ်ထုထည်နဲ့လိုက်အောင်ကြောက်စရာကောင်းသည်

"လီဟွမ်း..မင်းကြင်ယာတော်ကြောင့်မင်းသေရလိမ့်မယ်"

"ဂရုမစိုက်ဘူး"

"အေးပေါ့ ဂရုမစိုက်လို့အရင်ဘဝထဲကNew Holland
ပြည်ကိုတောင်တန်ပြန်စစ်တိုက်ခဲ့တဲ့ကောင်ပဲကို"

"မြေပေါ်ဆင်းလာခဲ့ မင်းနဲ့ငါနဲ့ယှဉ်တိုက်မယ်"

"လီဟွမ်းရယ် မင်းလဲမီးနဂါးမျိုးနွယ်ပဲကို အစွမ်းတွေရှိတဲ့ဓားကြီးလဲရှိတယ်လေ"

ပြောနေတုန်းပင်မကောင်းဆိုးဝါးကြီးဟာကားတစ်စီးကိုကိုင်မြှောက်လိုက်ပြီးHyunjinရှိရာကိုပစ်ချသည်
ဝုန်းကနဲကားကိုယ်ထည်ကြီးရဲ့နောက်မှာ နဂါးဓားကြီးကကားတစ်စီးလုံးကိုထက်ပိုင်းပြတ်စေ၏

Hyunjinသည်ဓားကိုဝှေ့ယမ်းလိုက်ကာကားကိုယ်ထည်မှာစိုက်စေပြီးနောက်တွင်အားသုံးလိုက်တာနဲ့ကားတစ်ခြမ်းဟာမြှောက်တက်လာသည်

အစွမ်းရှိတဲ့ဓားကြီးသည်မီးခိုးရောင်အငွေ့တွေထွက်လာခဲ့သည်
မိးခိုးတွေမှတစ်ဆင့်နဂါးကြီးအသွင်ပြောင်းလာပြီးမျက်လုံးတွေမှာနီရဲလျက်ဓားကိုင်ထားတဲါHyunjinရဲ့အနောက်တွင်နဂါးပုံရိပ်ကြီးရှိနေခဲ့သည်

The King (Season 2/Completed)Where stories live. Discover now