Special Chapter- လက်ဖဝါးပြင်မှာ လက္ခဏာအမှတ်အသား မရှိတဲ့ကောင်လေး(Part 3)

133 27 0
                                        

Zawgyi

က်ဝါးင်ြမှာက္ခဏာမှတ်အသား မရှိတဲ့ကောင်လေး(Part 3)

နျွယ့်ကျွမ်းရဲ့ ရှုထောင့်

ကျဲပက ကျွန်တော့်ကို သူ့ရဲ့ဆေးတွေနဲ့ အိပ်မွေ့ချလာတာမို့ ကျွန်တော့်ခန္ဓာကိုယ်က ပေါ့ပါးလာပြီး သူ့ဆေးခန်းက ဆိုဖာပေါ်မှာပဲ နေ့ခင်းတစ်ရေးတစ်မော အဝအိပ်နိုင်ခဲ့ပါတယ်။နာမည်‌မကျော်တဲ့ စိတ်ကျန်းမာရေးဆရာဝန်ဖြစ်တဲ့ သူကတော့ ခေတ်နောက်ကျနေတဲ့ သူ့ဆေးစာအုပ်တွေကိုပဲ အေးဆေးထိုင်ဖတ်နေပါတယ်။

တီ...တီ...တီ...

ကျွန်တော်က ဖုန်း raintong သံပြောင်းဖို့တွေဆို ဘယ်တော့မှ စိတ်မဝင်စားတဲ့လူမို့ မြည်လာတဲ့အသံကလည်း original raintong အသံပါပဲ။

"ဟယ်လို"

"ဟယ်လို အခုပြောနေတာ နျွယ့်ရွှမ်းရဲ့ မောင်ဖြစ်တဲ့ နျွယ့်ကျွမ်းလားခင်ဗျာ...နျွယ့်ရွှမ်းက အလုပ်ကအပြန်မှာ အက်ဆီးဒန့် တစ်ခုကြောင့် XXX ဆေးရုံမှာရောက်နေတယ်ဆိုတာ အကြောင်းကြားပေးတာပါ ဖြစ်နိုင်ရင် ဆေးရုံကို မြန်နိုင်သမျှ အမြန်ဆုံးလာခဲ့ပေးပါ‌ဗျာ"

ကျွန်တော် အထိတ်တလန့်အော်ပြီး လှဲနေရာကထလာ‌‌တော့ နောက်ထပ်ဆေးစာအုပ်အထူကြီးဖတ်နေတဲ့ ကျဲပကလည်း တစ်ကိုယ်လုံးတုန်တက်ပြီး လန့်ဖျတ်သွားတာကြောင့် သူ့မျက်မှန်တောင် ကျွတ်ကျခါနီးနေပါပြီ။ကျွန်တော့် သူ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ရင်း တုန်တုန်ယင်ယင်နဲ့ ပြောလိုက်တယ်။

"ရွှမ်း ကားအက်ဆီးဒန့်ဖြစ်သွားလို့တဲ့...."

ကျွန်တော်တို့တွေ ဆေးရုံရောက်လာတဲ့ချိန်မှာ အရေးပေါ်ခန်းက မီးလင်းနေပါတယ်။

ဆေးရုံရဲ့ စင်္ကြံလမ်းမှာမှီရင်း ကျွန်တော့် မျက်နှာချင်းဆိုင်မှာ နီရဲနေတဲ့ မျက်လုံး ၊ စိတ်စောနေတဲ့ အမူအရာနဲ့ လက်နှစ်ဖက်ကို တုန်တုန်ယင်ယင်ပွတ်နေတဲ့ ကျဲပကိုငေးကြည့်နေမိတယ်။ပြီးတော့ ခေါင်းငုံ့ရင်း ကျွန်တော့်ဘယ်လက်က လက်အိတ်ကိုဆွဲချွတ်လိုက်ပြီး လက္ခဏာမပါတဲ့ လက်ဗလာကြီးကို ငေးကြည့်လိုက်တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now