Intro

636 31 2
                                    

<Unicode>
မြင့်မြတ်တဲ့ နတ်ဆရာတစ်ပါးက ချစ်ခြင်းမေတ္တာကိုခံစားခွင့်မရှိဘူးလို့ ဘယ်သူတွေက နည်းသမုတ်ထားခဲ့တာပါလိမ့်....။

ဂျိုဆွန်းခေတ်ရဲ့နတ်ကိုးကွယ်မှုအယူဝါဒကသိပ်သည်းတယ်။
ဘုရင်ရဲ့အထက်မှာ နတ်ဆရာဆိုတာရှိတယ်။
ဂျိုဆွန်းရဲ့အနာဂတ်ကိုချုပ်ကိုင်နိုင်စွမ်းရှိတယ်။
ခေတ်တစ်ခေတ်လုံးကို ဖိန့်ဖိန့်တုန်အောင်လှုပ်ကိုင်နိုင်စွမ်းရှိတယ်။

မြင့်မြတ်ခြင်းကြယ် သုံးစင်းထဲက တစ်စင်းဟာ အဆုံးမရှိ သမုဒ္ဒရာမှာ ကြွေသတဲ့။
နတ်ဆရာဟာ နတ်နန်းမှာသေဆုံးတယ်။
စစ်နတ်ဘုရားဟာ ချယ်ရီပန်းသေရည်ကို နောက်ဆုံးအချိန်ထိသောက်သုံးခွင့်မရသွားခဲ့ဘူး။
ဂျိုဆွန်းဘုရင်ဟာ အထီးကျန်ခြင်းဇာတာတွေနဲ့ နန်းသက်စံခဲ့ရတယ်။

.................

"ဂျိုဆွန်းကိုပဲရွေးချယ်ပါတယ်"

တုန်လှုပ်သွားသောစိတ်အဆုံနှင့်အတူ
ခြေလှမ်းများကလည်းယိုင်တိုင်တိုင်။ သူနားကြားမှားသွားခဲ့တာများလာ ။ အဖြူရောင်လေးက သူ့ကိုမရွေးဘူးတဲ့လား"

"လူကြီးမင်း...တောင်းပန်ပါတယ်"

တောင်းပန်စကားတစ်ခွန်းတည်းနဲ့ လှည့်ထွက်သွားတဲ့ကျောပြင်ငယ်ကို ပွေ့ဖက်ပစ်ချင်သည်။

ဘာကြောင့်ငါမဟုတ်ရတာလည်း
ဘာကြောင် ဂျိုဆွန်းကိုမှလည်း
ဘာလို့ခေတ်တစ်ခေတ်ရဲ့ ပြည်သူပြည်သားတွေကိုမှလည်း
ဘာကြောင့်လည်း!!!။

သေဆုံးသွားသည့်စိတ်အစုံနှင့်အတူ အမူအကျင့်များပါပြောင်းလဲသွားတဲ့မင်းသားငယ်က စစ်ပွဲတွေထဲမှာတင် အချိန်ကုန်ခဲ့မိတယ်။
စစ်မြေပြင်ဟာ သူ့အိမ်သူ့ယာ..။

မင်းကယ်တင်ချင်တဲ့လူတွေကိုငါကိုယ်တိုင်သတ်ပေးမယ်။
မင်းကကယ် ဒီသေမျိုးကသတ်မယ်။
မြင့်မြတ်လှတဲ့နတ်ဆရာကို အလုပ်ရှုပ်စေမိတော့မယ်..။

ခုနှစ်စင်ကြယ်တွေကိုတိုင်တည်ပြီးကျိန်ဆိုမယ်။
ဂျိုဆွန်းခေတ်ရဲ့ အကိုးကွယ်ခံနတ်ဆရာကို မုန်းကိုမုန်းတီးပစ်မည်..။

<Zawgyi>



.................





ဘာကြောင့်လည်း!!!။




You've reached the end of published parts.

⏰ Last updated: Sep 06, 2022 ⏰

Add this story to your Library to get notified about new parts!

𝐓𝐡𝐞 𝐑𝐞𝐚𝐬𝐨𝐧Where stories live. Discover now