7

13.2K 806 33
                                    

Unicode




အိမ်ရှေ့မှာ အချိန်အတော်ကြာတဲ့အထိ မြူရပ်နေမိသည် ။ ဖေဖေ၏လုပ်ရပ်က သူ့အား ပြည့်တန်ဆာဘဝကို ရောင်းစားရက်သည်ပေ ။ ဖခင်အရင်းက ဒီလိုမျိုးလုပ်ရက်လိမ့်မယ် တကယ်မထင်ထားမိတာ အမှန်ပေ ။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကိုယ့်သားရဲ့ဘဝကိုတော့ မဖျက်ဆီးသင့်ဘူးလေ ။

အိမ်ထဲလှမ်းဖို့ရာ သူ့မှာအင်အားမရှိပါချေ ။ ဖေဖေက သူ့အပေါ်လုပ်ရပ်တာကိုရော မေမေများသိရင် ဘယ်လောက်ရင်ကွဲနေလိုက်မလည်းနော် ။ မျက်ရည်ပေါက်လေးတွေက မြေပြင်ပေါ်ခကြွေလာကြပြန်သည် ။

"သား......''

အင့်.......

မနက်အစောကြီး သားပြန်မလာလို့ အပူစောတက်နေတဲ့ ဒေါ်မာယာချိုက မြူဒေါင်းကိုမြင်တာနဲ့ ပြေးဖက်တော့သည် ။ မျက်လုံးအောက်ကမျက်ခွံတွေညိုနေပုံက တစ်ညလုံးစိတ်ဖြောင့်ဖြောင့်မအိပ်နိုင်ခဲ့တာကြောင့်ပေ ။

"မေမေ.....ဟင့်....ဟင့်.....''

"သားရယ် အမေတစ်ညလုံး စိတ်ပူနေလိုက်ရတာ''

မြူဒေါင်း အမေ့ရင်ခွင်မှာ အသဲအသန်ငိုရှိုက်ပစ်လိုက်သည် ။ ဝမ်းနည်းနေသည့် စိတ်သူငယ်မှာ ထွေးပိုက်ခြင်းကို လိုချင်နေခဲ့တာပင် ။

"ဖေဖေကလေ အဟင့်....သားကို သားကို ဦးထင်းစီမှာ အင့်....ရောင်းစားလိုက်တာတဲ့ မေမေရ''

"ဘယ်လို...... ရောင်းစားတယ် ဟုတ်လားသား သားအဖေက သားကိုရောင်းစားလိုက်တာတဲ့လား''

"ဟုတ်တယ် မေမေ သူ သူတို့ကလေ သားကို ဟင့်.... သားကို နိုင်ငံခြားသားကြီးတွေနဲ့ အတူအိပ်ခိုင်းတယ် မေမေရဲ့''

ငိုယိုကာ ပလုံးပထွေးပြောနေတဲ့ သူရဲ့ သားလေးမှာ ဘယ်လောက်များ ကြောက်လန့်နေခဲ့လိုက်မလည်း ။ ဖခင်အရင်းတစ်ယောက်ဖြစ်ပါလျက် ခွေးလိုစိတ်မျိုးနဲ့ လုပ်ရက်ခဲ့တဲ့ သူမ၏ လင်ယောက်ျားအား ဓားနဲ့အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ချင်သည် ။

"အမေ့အပြစ်တွေပါ သားရယ် အမေ့မကောင်းတာပါ ဒီလူယုတ်မာကိုယူခဲ့မိတဲ့ အမေ့အပြစ်တွေပါ''

သားရှေ့ မငိုပြချင်ခဲ့သော်လည်း သား၏စကားတွေက ရင်ဝကိုဓားနဲ့ အစိမ်းလိုက်ခွဲတာထက်ပင် နာလှပါသည် ။ မိခင်တစ်ယောက်အနေနဲ့ ဘယ်စိတ်နဲ့များ ဖြေသာရပါ့မလည်းလေ ။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now