{8}

10.2K 1.3K 25
                                    


Unicode

ချူချန်က သူ့ကိုကြည့်ပြီး ချိုသာစွာပြုံးပြလာ၏။

"မင်းက ဘယ်လိုလုပ်ပြီး မာဝမ်ချိုင်ဖြစ်နိုင်မှာလဲ?ကိုယ်ကမှ မာဝမ်ချိုင်ပါ"

ကျိချင်းကျိုးမှာ ခြောက်ကပ်ကပ်အပြုံးကြီးနဲ့လူကိုကြည့်ပြီး အကူညီမဲ့နေခဲ့သည်။

" ဒါဆိုလည်းနှစ်ယောက်လုံးဝမ်ချိုင်ညီအစ်ကိုတွေဖြစ်သွားတာပေါ့...သူတို့က တစ်ယောက်နဲ့တစ်ယောက်ကြော်မှာပဲလေ... ခင်ဗျားဘာလို့အလျင်လိုနေတာလဲ"

"*နွေဦးမှာ ဥယျာဉ်မပိတ်ထားမိလို့ဖြစ်မှာပေါ့....ဇီးသီးနီနီကြီးတစ်လုံး နံရံက ထွက်လာလို့လေ"

ကျိချင်းကျိုး : ........

ကျိချင်းကျိုးသည် ဖန်ယောင်ရွှမ်းဘက်လှည့်လိုက်ပြီး အသံပျော့ပျော့လေးနဲ့ပြောလိုက်သည်။

"ပိုက်ဆံပြန်ဆပ်ပေးမယ်ဆိုတဲ့ ခင်ဗျားအကူညီကို ကျွန်တော်လိုအပ်မနေသလို ချူချန်ကလည်း လုံးဝမခြိမ်းခြောက်ထားဘူး....ကျွန်တော် တကယ်လိုချင်တာက...... ခင်ဗျား ရှေ့လျှောက်ကျွန်တော့်ဆီလာနေတာရပ်ပေးနိုင်မလား ဒါလေးပဲ"

ဖန်ယောင်ရွှမ်း သူ့ကိုကြည့်ပြီးနောက် ချူချန်ကို ကြည့်လိုက်တယ်။

ကျိချင်းကျိုးမှာ အခက်ခဲတွေရှိနေလောက်တယ်လို့ သူခံစားရတယ်။ပြောရရင် သူဘာလို့ ရုတ်တရက်ကြီး သူ့ကိုထားခဲ့ပြီး ချူချန်လက်တွေထဲ တိုးဝင်ရတာလဲ။

"ချင်းကျိုး မင်းမှာအခက်ခဲတွေရှိလို့လား? ကိုယ့်ကိုပြောကြည့်... ကိုယ် မင်းကိုကူညီပေးနိုင်ပါတယ်"

"ကျွန်တော့်မှာဘာအခက်ခဲမှမရှိဘူး"

ကျိချင်းကျိုး အလေးအနက်ပြောလိုက်သည်။

"ခင်ဗျားပဲ.....ခင်ဗျား ဘာလို့ ကျွန်တော်ကို အသေ လိုက်ပတ်သတ်နေရတာလဲ"

ဖန်းယောင်ရွှမ်း ခဏလောက် မွန်းကျပ်သွားခဲ့သည်။
ကျိချင်းကျိုးက လော့ယွီနဲ့အရမ်းတူလွန်းတာကြောင့် လိုက်နေရတာပါလို့ သူ မပြောနိုင်ခဲ့တာတော့ အမှန်ပင်။
သူ ကျိချင်းကျိုးအား အစားထိုးတစ်ယောက်အနေနှင့်တွေးနေမိတာတော့ မတတ်နိုင်ပေ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now