part30(Unicode)

35K 3.6K 608
                                    

ဆံပင်တွေအတန်ငယ်ရှည်ပြီး ပွယောင်းယောင်းဖြစ်နေသလို မျက်နှာပေါ်မှာလည်း မုတ်ဆိတ်တွေဟိုတစ်စ ဒီတစ်စဖြင့် ဝင်းဝါတဲ့အသားအရည်က အနည်းငယ်ညိုညစ်ညစ်ဖြစ်ချင်နေသည်။မျက်လုံးတွေကလည်း နီရဲကာပင်ပန်းနွမ်းနယ်သောအသွင်ကို ဆောင်လို့နေလေသည်။မြင်နေကြပုံစံအတိုင်း လည်သာဂျာကင်ကိုရင်ဘတ်ခွဲဝတ်ထားပါသော ဆိုင်းလော့ဒ်၏ပုံစံက အရင်လိုနုနယ်လန်းဆန်းမနေတော့ပေ။မတွေ့ရတဲ့ နှစ်လဆိုတဲ့အချိန်အတွင်းမှာ အများကြီးရင့်ရော်ရင့်ကျက်သွားသလိုပင်။

လက်ထဲမှာလည်း အိတ်အမဲကြီးဆွဲထားလျှက် ပုံစံကအခုမှ ခရီးရောက်မဆိုက်ဖြစ်လာသည့် ပုံစံဖြစ်သည်။ဆိုင်းလော့ဒ်၏ နွမ်းဖတ်နေသော ပုံစံအားသူ ဒီအတိုင်းငေးကြည့်နေမိသလို ဆိုင်းလော့ဒ်သည်လည်း မှိုင်းရီနေသောမျက်ဝန်းအစုံဖြင့်သူ့အား ပြန်ငေးကြည့်လို့နေသည်။နီညိုရောင်နှုတ်ခမ်းလွှာတွေဟာ တလှုပ်လှုပ်ဖြင့် စကားပြာဖို့ကြိုးစားနေပုံရသော်လည်း ဘာစကားမှထွက်မလာပေ။ဒီအတိုင်းအကြည့်တွေကသာ ပို၍စူးနင့်လို့လာ၏။အခန်းထဲရှိလေထုသည်လည်း ပုံမှန်ထက်ကိုပို၍ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။

"မင်း ဘယ်လို...."

တိတ်ဆိတ်ခြင်းကို သူ့ဖက်မှစတင်ဖြိုခွဲဖို့ကြိုးစားလိုက်တော့ ဆိုင်းလော့ဒ်က ပင့်သက်ကိုရှိုက်၍....

"ကျွန်တော်...."

ဘာဆက်ပြောရမှန်းလည်း မသိတော့ချေ။ခရီးရောက်မဆိုက် မိုးမလင်းအားပဲ သူများအိမ်ပေါ်ပြေးတက်လာခဲ့မိတဲ့ ကိုယ့်အဖြစ်ကိုလည်း ဘယ်လိုရှင်းပြရမလဲမသိတော့။ပိုက်ဆံပေးဖို့ ခေါင်းစဥ်တပ်ထားပေမဲ့ ဒီလူ့ကိုသေမလိုလွမ်းနေလို့ပါဆိုတာကို ဘယ်ကဘယ်လိုစပြောရမှန်းလည်း မသိချေ။သူစကားလုံးများအား ပြင်ဆင်ရွေးချယ်နေစဥ်မှာပဲ....

!ကလစ်..!

အသံတစ်ခုနှင့်အတူ ရေချိုးခန်းတံခါးက ပွင့်ဟ၍လာလေသည်။

"အကို့ ဆပ်ပြာကုန်နေ...."

‌ခါးမှာတဘတ်အပိုင်းတစ်ခုကို ပတ်ထားလျှက် အပေါ်ပိုင်းဗလာကျင်းဖြင့် ရေချိုးခန်းထဲမှထွက်လာပါသော ကောင်လေးတစ်ယောက်အား တွေ့လိုက်ရသည်။အရင်တုန်းထဲက ရှင်းခန့်မောင်ဆီကို ဝင်ထွက်ဖူးနေသော ကောင်လေးဆိုတာကို စိတ်ကသိလိုက်တာနှင့် ရင်ဘတ်ထဲဟာဆင်းသွားရလေသည်။သူမရှိတဲ့နှစ်လအတွင်းမှာ သူ့နေရာမှာတခြားတစ်ယောက်ကို အစားထိုးလိုက်ပြီဆိုတဲ့အသိက သူ့ရင်ထဲ တဝုန်းဝုန်းပြိုကျစေကုန်သည်။သူ ဘာလို့များ အရူးလိုပြန်ပြေးလာခဲ့မိဝာာလဲ။တကယ်ဆို သူထွက်သွားခဲ့တဲ့နှစ်လလုံးမှာ ရှင်းခန့်ဟာ သူ့ကိုတစ်ခါလေးတောင် မဆက်သွယ်ခဲ့ချေ။ဘေးနားမှာ သူရှိခြင်းမရှိခြင်းဟာ ဒီလူ့အတွက်တော့ဘာသက်ရောက်မှုမှမရှိခဲ့ပေ။ဟုတ်တာပဲ ငကန်းသေငစွေပေါ်မှာပေါ့။သူ့ရဲ့ဖြစ်တည်မှုဟာ ဒီလူ့အတွက် ဘာများအရေးပါနိုင်မှာလဲ။‌သူက ငွေပေးငှားထားတဲ့ အိပ်ဖော် အဖော်သာသာပဲမဟုတ်လား။သူမရှိတော့လည်း နောက်တစ်ယောက်ကို ထပ်အစားထိုးတာ ဘာများဆန်းလို့လဲ။ရှင်းခန့်မောင်အတွက် အစားထိုးတဲ့အလုပ်ဆိုတာ အလွယ်ကူဆုံးပဲမဟုတ်လား။သူ့ကိုလည်း ဟိုတစ်ယောက်နေရာမှာ အစားထိုးခံစားခဲ့တာပဲ။သူ့ဖက်ကသာ လမ်းကြုံပတ်သတ်မှုကို မပြီးနိုင်မစီးနိုင်ဖြစ်နေခဲ့တာ။

Wild  Rose(complete)Where stories live. Discover now