Part-18

3.8K 292 44
                                    

<Unicode>
"ငါအသက်ရှင်နေရတဲ့တစ်ခုတည်းသောမျှော်လင့်ချက်လေး..."

မှောင်မဲနေသောအခန်းလေးထဲမှာ
လူတစ်ယောက်ဟာ
ဓာတ်ပုံလေးတစ်ပုံကိုဖက်ပြီးငိုနေခဲ့တယ်။

ယောကျာ်းတန်မဲ့ကို
ရှိုက်ကြီးတစ်ငင်နဲ့ငိုနေခဲ့တာ။
ယူကြုံးမရသော ခံစားချက်တစ်ချို့ကို
ထွေးပိုက်ရင်း အော်ဟစ်သောင်းကျန်းနေခဲ့တာ။

"အကုန်ကိုယ့်အမှားတွေ
ကိုယ့်အမှားတွေ!!!"

နံရံထက်ချိတ်ထားသောအလှဆင်ပစ္စည်းများ
နာရီများကိုပစ်ခွဲရင်း
သောင်းကျန်းနေခဲ့သည်မှာ
တစ်ပတ်ပင်ရှိခဲ့ပြီ။

"ငါမိသားစုလေးတစ်စုကိုလိုချင်ခဲ့ရုံ..."

အသံမှာတိုးလိုက်ကျယ်လိုက်ဖြင့်
အခန်းထဲတွင် ပဲ့တင်ထပ်နေသည်။
နီရဲနေသောမျက်ဝန်းတစ်စုံက
တစ်ချက်တစ်ချက်စူးရှလာသည်။

ထူးဆန်းစွာဖြင့် ဂျော်နီမှာ ကိစ္စတွေဖြစ်ပြီးနောက်ပိုင်း..
ရုတ်တရက်ပျောက်ကွယ်သွားသည်။
သတင်းအစအနပင်မရတော့။
ကိုယ့်ကိုကိုယ်သတ်သေသွားသလို
မဟုတ်မမှန်သတင်းတစ်ချို့မှာလည်း
ပေါ်ထွက်လာသည်။

"ကျွန်တော့်ကိုခေါ်တယ်ဆိုလို့"

"အဖေပြောစရာရှိလို့ "

"မြန်မြန်ပြော ကျွန်တော်အစည်းအဝေးရှိသေးတယ်"

"ကင်မ်ထယ်ယောင်းကိုရှာတွေ့ပြီ"

ဖေဖေ့၏စကားကြောင့် မိနစ်ပိုင်းခန့်
မင်သက်သွားမိတယ်။
Honeyကိုတွေ့ပြီးတဲ့လား။
ဖေဖေက Honeyကိုပြန်ရှာတွေ့ပြီးတဲ့လား!?

"တ..တကယ်လာ ဒါဆို ခုချက်ချင်းသူ့ဆီသွားမယ်!"

ရုတ်တရက်ထရပ်လိုက်သောသားဖြစ်သူကြောင့်
ဂျွန်သခင်ကြီးမှာ ရင်ဘတ်ပင်ဖိမိသွားသည်။
တကယ်လည်းဆေးမမှီတော့တဲ့ကောင်။

"အခုတော့မရသေးဘူး"

"ဘာဖြစ်ပြန်တာလည်းဖေဖေရာ..
သားကိုခုချက်ချင်းသူ့ဆီခေါ်သွားပေး!!!"

"ခေါ်ပေးမယ် ဒါပေမဲ့ အချိန်ယူရမယ်"

"ဖေဖေ မညစ်နဲ့!!
ကျွန်တော်စိတ်မရှည်တော့ဘူးနော်!!"

Loading..Where stories live. Discover now