Chapter - 105

8.6K 1.2K 139
                                    

ညလယ်လောက်ရောက်တော့ ရင်းအိမ်တော်စီက ဖုန်းဆက်လာတယ်။

"ငါ့ကော ဘယ်မှာလဲ?!"
ဖုန်းကိုင်လိုက်တာနဲ့တစ်ပြိုင်နက် တစ်ဖက်က ရင်းဇယ်ရဲ့အော်သံက ဟိန်းထွက်လာတယ်။
"ဖုန်းလည်းဆက်လို့မရဘူး၊ ဆေးရုံကိုမေးကြည့်တော့လည်း မတွေ့ဘူးတဲ့၊ မင်းငါ့ကောကို ပြန်ပေးဆွဲသွားတာမလား!"

အသံက ကျယ်လွန်းတာကြောင့် ဘေးကလူကပါ မျက်မှောင်ကြုတ်လာတယ်။ ကျန့်ယောင် အိပ်ယာပေါ်က ထကာ အခန်းထဲက ထွက်လာခဲ့လိုက်တယ်။
"မင်းအကိုက ဘာမှမဖြစ်ဘူး အခုအိပ်နေတယ်၊ မင်းဘက်က စစ်ဆေးတဲ့ကိစ္စကရော ဘယ်လိုလဲ၊ အဲ့ကောင်ကို အပ်လိုက်ပြီလား?"

ရင်းဇယ်က စိတ်ရှုပ်စွာနဲ့ :
"အင်း အဲ့ကောင်ကိုက စိတ္တဇကောင်၊ စကားကြီးစကားကျယ်နဲ့ ရဲတွေကိုပါ သူ့အဖေနဲ့အတူတူ အကျဥ်းချပေးဖို့ပြောနေသေးတယ်၊ အဖေ့ကိုလည်း ပြောထားပြီးပြီ ဘာမှမဖြစ်တော့ရင်တော့ သူ့ကိုကျောင်းထုတ်ခံရအောင် လုပ်ပစ်လိုက်လို့ရတယ်၊ နောက်ဆို ထပ်မြင်နေစရာ မလိုတော့ဘူး"

ရှေ့နေရင်းကိုယ်တိုင်က ကိုင်တွယ်မှတော့ ဒီကိစ္စက ပြဿနာမရှိတော့ပေ။ ကျန့်ယောင်လည်း စိတ်အေးသွားရတယ်။
"အဖေ့ကို ငါ့အစား ကျေးဇူးတင်ကြောင်း ပြောပေးပါဦး"

"ဘယ်သူက မင်းအဖေလဲ? အဲ့ဒါ ငါ့အဖေကွ!"
ရင်းဇယ်တစ်ယောက် တစ်ဖန်ပေါက်ကွဲလာပြန်တယ်။
"ငါ့အဖေက ကောကိုဘယ်သွားလဲ မေးနေတာ၊ ငါမင်းအတွက် ဖုံး‌ပြောပေးထားတယ်၊ သူ့ကို မနက်ဖြန် ပြန်ပို့ပေးလိုက်"

"ဘာတွေ အလျင်လိုနေတာလဲ? ဘာပဲဖြစ်ဖြစ် မင်းအကိုနဲ့ငါ့အကြောင်းကို ငါ့မိဘတွေလည်း သိပြီးသားဆိုတော့ ကောင်လေးအိမ်ကို ရက်နည်းနည်းလောက် လာနေလည်း ဘာမှမဖြစ်ပါဘူး"

"မရဘူး သူအိမ်ပြန်လာရမှာ"

"ဘာဖြစ်လို့?"

ရင်းဇယ်က တစ်ခန တုံ့ဆိုင်းနေပြီးမှ :
"ငါသူ့ကို မေးစရာရှိတယ်"

"အိုး...."
ကျန့်ယောင်က သံရှည်ဆွဲပြောလိုက်ပြီး
"ချန်းဟောင်ဆီက သိခဲ့တဲ့ဟာတွေ ပြောတာလား? မင်းကောကောကို တောင်းပန်ချင်တယ်ဆိုပါတော့?"

Pay Attention To Me [Myanmar Translation]Where stories live. Discover now