Chapter -35
6.5K 1K 14
Zawgyi
ဒန်နာရီဟာ မြို့စားမင်းမက်စ်နဲ့တွေ့ပြီးနောက်မှာ ဥယာဉ်တော်ထဲကို ထွက်လာတော့သည်၊မြို့စားမင်းရဲ့အရှေ့ဘက် ဥယျာဉ်ဟာ သူအကြိုက်နှစ်သက်ဆုံးနေရာပေမယ့် သူဟာ ရေးလ်ကို သွားကြည့်ချင်တာကြောင့် အနောက်ဘက်ဥယျာဉ်ဆီက သွားရန်ဦးတည်လိုက်တော့သည်၊
ရေးလ်ရဲ့နားချိန်ဟာ လိုသေးတာကြောင့် သူဟာ ဒီမှာ ခဏအနားယူမည့်စိတ်ကူးဖြင့်နေနေခြင်းသာဖြစ်ပြီး ဥယျာဉ်ရဲ့ခုံတမ်းမှာ ခဏထိုင်ကာ တိမ်ထူထပ်နေတဲ့ကောင်းကင်ကို ငေးမောနေတော့သည်၊
ထိုချိန်မှာ ချောင်းဟန့်သံကြားလာတာကြောင့် ဒန်နာရီလည်း ကြည့်လိုက်တော့ ဝတ်စုံပြည့်ဝတ်ဆင်ထားကာ သန်သန်မာမာဖြင့်ရပ်နေတဲ့ရစ်နိုလ်ကို တွေ့လိုက်ရတော့သည်၊အမှန်တော့ ရစ်နိုလ်တစ်ယောက်တည်းမဟုတ်ဘဲ ရစ်နိုလ်တို့အဖွဲ့ဝင်အကုန်ပင်၊
ဒန်နာရီဟာ သူတို့ကို နားမလည်စွာကြည့်နေတော့သည်၊
ရစ်နိုလ်ဟာ မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်လိုက်တော့ ကျန်တဲ့အဖွဲ့သားတွေပါ လိုက်လံဒူးထောက်ကုန်တော့သည်၊ထိုနောက်မှာ သူတို့ဟာ ကျယ်လောင်စွာ ပြောလာတော့သည်၊
"သခင်လေးဒန်နာရီကြောင့် ကျုပ်တို့ အသက်ရှင်ခဲ့ရတာ...ဒါကြောင့် ကျေးဇူးပြုပြီး သခင်လေးရဲ့ဓားဖြစ်ပါရစေ"
ရစ်နိုလ်ဟာ သူရဲ့ဓားကို လက်ဖဝါးနှစ်ဖက်ပေါ်တင်လိုက်ပြီး
"သခင်လေး သူရဲကောင်းက ဘဝမှာ တစ်ခါတည်း သစ္စာခံကျတယ်၊ကျုပ်တို့အသက်ဝိညာဉ်က မြို့စားမင်းမက်စ်နဲ့သခင်လေးဆီ၌သာ သေဆုံးထိတိုင် ပေးအပ်ပါရစေဗျ" လို့ ပြောလာတာကြောင့် ဒန်နာရီ တွေဝေသွားတော့သည်၊အရင်ဘဝက လူပေါင်းများစွာရဲ့အသက်ကို ဒန်နာရီကယ်ခဲ့ဖူးသည်၊ဒါပေမယ့် ရစ်နိုလ်တို့လို သူ့အား အသိမှတ်ပြုကာ ကျေးဇူးမပြုခြင်းမခံရဖူးပေ၊သူရဲ့အောင်မြင်မှုအလုံးစုံကို အိမ်ရှေ့စံမင်းသားနဲ့အန်ဒီးယားသာ ခူးစွတ်ခံစားရပြီး သူကတော့ ဆိုးဝါးတဲ့တုန့်ပြန်မှုတွေနဲ့သာ အမြဲကြုံတွေ့ခဲ့ရသည်၊
စစ်ပွဲတွေမှာလည်း သူနောက်ကျလို့ တပ်သားတွေ ပိုသေရတာဆိုပြီး သေဆုံးသူတွေရဲ့မိသားစုဆီက အပြစ်တင်ခံရပေမယ့် ထိုသို့နောက်ကျရခြင်းဟာ အိမ်ရှေ့စံမင်းသားရဲ့တစ်ခြားကိစ္စတွေ လုပ်ပေးနေရလို့နောက်ကျခဲ့ရခြင်းဖြစ်သည်၊ဒါပေမယ့် အိမ်ရှေ့စံမင်းသားဟာ သူ့ကို မကာကွယ်ပေးသည့်အပြင် ဆူပူကြိမ်းမောင်းကာ ပြစ်ဒဏ်ပင် ပေးခဲ့သေးသည်၊