Chapter-36
6.9K 1K 21
Zawgyi
ဒန်နာရီရဲ့နေ့ရက်တွေဟာ ကောင်းမွန်နေတော့သည်၊မကောင်းမွန်တာတော့ ရှိသေးတာပေါ့၊အဲ့တာကတော့ မြို့စားမင်းမက်စ်နဲ့ကိစ္စပင်၊အခုတလော မြို့စားမင်းမက်စ်ဟာ သူ့ဆီအကြောင်းမရှိအကြောင်းရှာကာ လာလာတတ်သည်၊
နေ့လည်လက်ဖက်ရည်လည်း တူတူသောက်တတ်ပြီး သူတို့ဟာ စကားများများမပြောပေမယ့် တစ်ခါတလေတော့ မြို့စားမင်းမက်စ်ဟာ မှော်ပညာနဲ့ပတ်သတ်ပြီး သင်ပြပေးတတ်သလို တစ်ခါတလေတော့ နှစ်ယောက်လုံးဟာ စာအုပ်ဖတ်ကာ တိတ်ဆိတ်ငြိမ်သက်နေတတ်သည်၊ကြားထဲက အထိန်းတော်ကြီးသာ နေရခက်နေတော့သည်၊
ဒီသားအဖနှစ်ယောက်က သွေးတော်စပ်နေတယ်လို့ မပြောရဘူး နေပုံထိုင်ပုံ၊အပြုအမူတွေကအစ တစ်ဖုံတည်းပင်၊နှစ်ယောက်လုံးက အေးတိအေးစက် ရေခဲတုံးကြီးနဲ့ရေခဲတုံးလေးတွေ ဖြစ်နေရုံသာမက မှော်ပညာနဲပတ်သတ်ရင်တော့ တစ်ယောက်ကလည်း အားရပါးရသင်ပြသလို တစ်ယောက်ကလည်း သေချာကိုသင်ယူတတ်သည်၊သခင်ကြီးကတော့ အလုပ်နဲ့ပတ်သတ်တဲ့စာရွက်စာတမ်းများလုပ်နေတတ်ပြီး သခင်လေးကတော့ စာဖတ်ကာ အချိန်ကုန်နေတတ်သည်၊
အခုလည်း အလုပ်ခန်းထဲမှာ တစ်ယောက်က အလုပ်တွေတောက်လျှောက်လုပ်နေပြီး နောက်တစ်ယောက်ကတော့ စာဖတ်ကာနေနေတော့သည်၊အပြင်ဘက်က အအေးထုက ဒီအခန်းထဲက အအေးထုကို မှီလိမ့်မည်မဟုတ်ပေ၊
"သခင်လေး... လာဗင်ဒါနဲ့လုပ်ထားတဲ့လက်ဖက်ရည်ပါဗျ ပန်းသုံးမျိုးလက်ဖက်ရည်လို့ခေါ်ပေမယ့် ဒီဖက်မှာတော့ လာဗင်ဒါလက်ဖက်ရည်လို့ပဲ ခေါ်ကြတာများတယ်"
ပန်းသုံးမျိုးလက်ဖက်ရည်ကိုတော့ ဒန်နာရီသိသည်၊ဒန်နာရီလက်ဖက်ရည်အကြောင်းကို ဖတ်ဖူးတာကြောင့်လည်းပါသည်၊ပန်းသုံးမျိုးလက်ဖက်ရည်ဆိုတာ လာဗင်ဒါ၊နှင်းဆီ၊ရေမွှေးပန်းတို့နဲ့ရောစပ်ထားတဲ့လက်ဖက်တစ်မျိုးဖြစ်သည်၊ဒါပေမယ့် သူမမြည်းစပ်ဖူးတာကြောင့် စိတ်ဝင်စားစွာကြည့်လိုက်သည်၊ အကြည်ရောင်ဖန်လက်ဖက်ရည်ခွက်ထဲမှာ ထည့်ထားတဲ့နီဝါရောင်သန်းနေတဲ့လက်ဖက်ရည်ကို ကြည့်လိုက်ပြီးလျှာသပ်လိုက်သည်၊