{9}

10.1K 1.4K 54
                                    

Unicode

ကျိချင်းကျိုး တောင့်တင်းသွားပြီး ချူချန်ရဲ့အင်္ကျီလက်အား တိတ်တိတ်လေးဆွဲကာ မျက်နှာအမူအရာမပြောင်းဘဲပြောလိုက်သည်။

"လုပ်ဖော်ကိုင်ဖက်တွေပါ"

သူအဲ့လိုပြောလိုက်သဖြင့် နည်းနည်းလေးဆောင့်ဆွဲခံလိုက်ရသည်။
ချူချန်း စကားမပြောနိုင်တော့ပေ ။သုံးရက်အတွင်း အနေထားနှစ်ခုကိုသူရထားပြီးပြီ။တစ်ခုမှသူ့ပုံစံစစ်မဟုတ်လေဘူး။ကျိချင်းကျိုးက တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဟာလေး...
ဝမ်ဖန်းက သူ့ကို သံယမဝင်ဘဲ ရယ်မောလိုက်သည်။

"သူလည်းသရုပ်ဆောင်ပဲလား"

"အခုတော့မဟုတ်သေးဘူး"

ကျိချင်းကျိုးပြောလိုက်တယ်...

"ကျွန်တော်တို့ ကုမ္ပဏီမှာက အခြေနေအမျိုးမျိုးရှိတယ်...သူနဲ့ကျွန်တော်က ကဏ္ဍ မတူဘူးလေ"

ဝမ်ဖန်းက အနုပညာကုမ္ပဏီတွေရဲ့ဖွဲ့စည်းပုံအား အများကြီးမသိပေ။ထို့ကြောင့် အများကြီးထပ်မမေးတော့ပဲ ပြောလာသည်

"မတ်တပ်ကြီးမနေကြနဲ့လေ လာထိုင်ကြ"

ကျိချင်းကျိုး ခေါင်းညိမ့်ပြီး တစ်ဖက်လှည့်လိုက်တော့ စားပွဲပေါ်ကမနက်စာတွေကိုမြင်လိုက်ရသည်။
သူ ထိုနားဆီလျှောက်သွားပြီး ကြည့်လိုက်ချိန် ချူချန်က တိုးတိုးကပ်ပြောလာသည်။

"အဆင်မပြေဖြစ်မှာကြောင့်လို့ ကိုယ် ဆေးရုံကန်တင်းကပဲဝယ်လာတာ...တစ်ခုခုဖြစ်ရင်လည်း သူတို့နဲ့တိုက်ရိုက်ရှင်းလို့ရတာပေါ့"

"ကျေးဇူးပါ"

ကျိချင်းကျိုး ပြောလိုက်သည်။

"ခင်ဗျားက အရမ်းဂရုစိုက်တတ်တာဘဲ"

"ကိုယ် ဂရုတစိုက်နဲ့ အစားသောက်သွားယူ‌ပေးနေတုန်း မင်း ဘာလုပ်ခဲ့လဲ....မင်းက အချစ်ကိစ္စလေးတွေလုပ်နေတယ်လေ"

ကျိချင်းကျိုး : ....

ချူချန် သက်ပြင်းချပြီးတာနဲ့ ခေါင်းတခါခါလုပ်ကာ စားပွဲမှာဝင်ထိုင်လိုက်သည်။သူပြောတဲ့စကားကြောင့် ကျိချင်းကျိုးဆွံ့အသွားတာကို စောင့်ကြည့်ပြီး စိတ်အခြေနေကောင်းစွာနဲ့ မနက်စာ စ,စားတော့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now