CH (57)

3.3K 523 76
                                    

ချူရှင်းတို့ ရှဲ့ဟယ်ရဲ့ ချင်နန်းဆောင်ဆီပြန်ရောက်ချိန်မှာ လက်အောက်ငယ်သားတွေအကုန်လုံးက နန်းဆောင်ကို ကောင်းမွန်စွာထိန်းချုပ်လိုက်ကြပါပြီ.....အတွင်းဘက်ကနေ ငှက်တစ်ကောင်တောင်ပျံထွက်သွားဖို့မလွယ်ကူနိူင်ခဲ့ပါဘူး...ဒါ့ကြောင့် နန်းဆောင်ထဲကအခြေနေတွေကို အပြင်လူတွေလုံးဝသိနိူင်တော့မည်မဟုတ်ပေ.......

ချူရှင်း ရှဲ့ဟယ်ကို စတင် ကစားချိန်ကနေစပြီး ရှဲ့ဟယ်ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ ရပ်တန့်သွားခဲ့တယ်...ဒါဟာ အားအင်ကုန်ခမ်းသွားတာကြောင့်လား...ဒါမှမဟုတ် အရာအားလုံးကို အရှုံးပေးလိုက်တာကြောင့်များလား.....ဘယ်သူသိနိုင်မှာလဲ...

ဒါပေမယ့်လက်ရှိအချိန်မှာတော့ ရှဲ့ဟယ်က မျက်လုံးအပြူးသားလေးနဲ့ ကုတင်ပေါ်မှာ လှဲလျောင်းနေတယ်..သေချာကြည့်မယ်ဆို သူ့မျက်ဝန်းတွေက သေလောက်အောင်အေးစက်တည်ငြိမ်နေတယ်......နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျနေပုံကလဲ သိပ္ကိုမွ သနားစရာကောင်းနေတယ်.....

ချူရှင်း ဝမ်းသာပီတိဖြစ်နေမိတယ်...ဖြစ်ဖျက်ခဲ့သမျှကို ပြန်တွေးမိလိုက်ပြန်တော့လဲ မျက်ဝန်းတွေမှောင်မိုက်လာပြန်တယ်....

[တင်းတောင်......ပစ်မှတ်ချူရှင်းရဲ့ နှစ်သက်မှု ၁၀ မှတ်တိုးပါတယ်....ဇာတ်ကောင်စရိုက်အမှောင်ဖုံးခြင်း ၁၀မှတ်လျော့သွားပါပြီ....စုစုပေါင်း ဇာတ်ကောင်စရိုက်အမှောင်ဖုံးခြင်း တန္ဖိုး ၉၀မှတ်ပါ....]

ချူရှင်း ရှဲ့ဟယ်ကို ခဏလောက်ကြာအောင်ငေးကြည့်နေခဲ့တယ်....ခဏကြာတော့ အပြင်ခဏထွက်ပြီး ယုံကြည်ရတဲ့ ငယ်သားတစ်ယောက်ကို အမိန့်တစ်ခုပေးလိုက်တယ်....

"သမားတော်တစ်ယောက်သွားရှာလာခဲ့...မ်က္လုံးကို အဝတ်အုပ်ပြီး ဒီကိုခေါ်လာခဲ့...."

တံခါးပိတ်လိုက်တာနဲ့ ရှဲ့ဟယ်ရဲ့အမူအရာတွေတမဟုတ်ချင်း ပြောင်းလဲသွားတယ်...မျက်ဝန်းတွေထဲက သေစေလောက်တဲ့တည်ငြိမ်မှုတွေကလဲ ခဏအတွင်းမှာ လှည်းကျင်းဖယ်ရှားခံလိုက်ရသလိုပျောက်ကွယ်သွားခဲ့တယ်....ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ခုနကလှဲလျောင်းနေတဲ့ ပုံစံကေန ပုံစံပြောင်းလိုက်တယ်....အိုက်ယား.....က်က္သေရရွိရွိ လှဲအိပ်ပြနေရတာ  သက်တောင့်သက်တာ ဘယ်ရှိပါ့မလဲ......

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now