Extra (recuerdos de españa)

573 60 5
                                    

"ဖြစ်ပါ့မလား‌ ကြည့်ဦးဟွမ်းရေ အဆင်ပြေလားလို့"

သူ့ဘာသာသူအနောက်တိုင်းဝတ်စုံဝတ်ပြီးသက်သောင့်သက်သာမဖြစ်နေသူလေး ဒီညစပိန်တော်ဝင်မိသားစုနဲ့ညစာစားပွဲတက်ရမည်

ဒုစရိုက်အလုပ်တွေလုပ်နေတာထပ်သပ်သပ်တည်ရှိနေပြီးသူ့အလုပ်သူလုပ်နေတဲ့ရာကူဇာဂိုဏ်းအကြီးဖြစ်တာကြောင့်ဒီလိုနေရာတွေအထိပါရောက်တာဖြစ်သည်

သီးသန့်လိုမိသားစုညစာစားပွဲလိုမျိုးဖြစ်သည်

Hyunjin ကငယ်ငယ်တုန်းကတရုတ်ကနေလူကုန်ကူးခံထားရတုန်းကပါသွားတဲ့ကလေး ကံကောင်စချင်တော့ဂျပန်ရာကူဇာဂိုဏ်းထဲထည့်မဲ့ကလေးတွေဘက်ပါသွားသည်

ကိုရီးယားကနေတရုတ်၊တရုတ်ကနေဂျပန်ရောက်လာတဲ့ကွန်တိန်နာဖွင့်ချတာထက်ကြောက်နေတဲ့ကလေးတွေထက်တွေ့ရာနဲ့ရန်ပြုတဲ့အသက်ခုနှစ်နှစ်အရွယ်Hyunjinကိုတွေ့သောအခါဂိုဏ်းခေါင်းဆောင်ရာကူဇာဂျပန်ကြီးဟာလက်သပ်မွေးပြီးသားတစ်ယောက်လိုထားသည်

အလေးပေးခံရပြီးအေးဆေးနေနေရုံမဟုတ်အားလုံးကိုဦးဆောင်နိုင်တဲ့သူတစ်ယောက်အဖြစ်အောင် အောက်ခြေမှစ၍ရွံ့နွံ့တောတွေကျောက်ဆောင်တွေကအစလက်ဗလာနဲ့တက်ရပြီး ပင်ပင်ပန်းပန်ကနေဒီလိုဘဝမျိုးဖြစ်လာတာဖြစ်၏

"ဟွမ်း..ကြည့်ဦး"

"Daddy ဖေဖေ့ကိုကြည့်ပဲကြည့်မ‌နေနဲ့ပြောလိုက်ဦး"

LeeMayနဲ့LeeYangတို့ဝင်ထောက်တော့မှသေသေချာချာအာရုံစိုက်မိသည်
ဇိမ်ခံကားကြီးပေါ်မှာဖြစ်၍မီးရောင်ကားခရမ်းရောင်မှောင်မှောင် ကလေးနှစ်ယောက်ကတော့တစ်ဖက်ဆိုဖာပေါ်မှာစပျစ်သီးတွေစားနေကျသည်

LeeMayကတော့ခရမ်းရောင်လက်ဖောင်းကိုမှညာဘက်လက်မှာဖဲပြားအကြီးကြီးနဲ့အောက်ကစကပ်အမဲအရှည်ကိုဝတ်ဆင်ထားပြီးရင်ဘက်မှာစိန်စီထားတဲ့နဂါးပုံရင်ထိုးကိုထိုးထားသည် Hyunjin သည်Lady shoeအနက်ကလေးစီးထားတဲ့သမီးဖြစ်သူခြေထောက်လေးတွေအထိလိုက်ကြည့်မိသည် လုံးဝကိုမျက်စိရှေ့တွင်အပျိုအရွယ်ရောက်လာတာပဲ

ဘေးကသားဖြစ်သူကြည့်တြောအနောက်တိုင်းဝတ်စုံခဲရောင်ကိုမှရင်ဘက်နားကပိတ်ကပ်ထဲလက်ကိုင်ပုဝါအနီလေးထိုးထားသည် အဲ့ဒီလက်ကိုင်ပဝါမှာရွှေဇာနဲ့ထိုးထားသောနဂါးပုံကြီးပါ၏ ဘွတ်ဖိနပ်သည်သူတို့သားအဖသုံးယောက်ဆင်တူ လုံးဝကိုနှစ်ယောက်စလုံးပေါင်းစပ်ကာဖြစ်တည်လာတဲ့ပုံစံလိုမျိုး ဂျယ်နဲ့သိမ်းတင်ထားပေးတဲ့ဆံပင်နက်နက်လေးတွေနဲ့မျက်ခုံးထူထူလေးက ဒီကောင်ကျောင်းမှာတော့ကောင်မလေးတွေဝိုင်းနေတော့မှာပဲ

The King (Season 2/Completed)Where stories live. Discover now