9

11.7K 720 26
                                    

Unicode




"စိုင်းတခေတ်! ဒါဘယ်လဲ''

"အပြင်သွားမလို့''

"နောက်မှသွား ထမင်းအရင်လာစား''

"အပြင်လူတွေနဲ့ တစ်ဝိုင်းထဲ ထိုင်မစားနိုင်ဘူးဒယ်ဒီ၊ ဒယ်ဒီမရွံတတ်ပေမဲ့ ကျွန်တော်ကတော့ ရွံတတ်တယ်''

ဒုန်း.......

"ဟိတ်ကောင်! စိုင်းတခေတ်မှိုင်း! "

အပြင်သွားမဲ့သူ့ကို ဒယ်ဒီကထမင်းဝိုင်းလာဖို့ ခေါ်ပေမဲ့ သူမသွားချင် ။ ထိုဝိုင်းတွင် မြေခွေးသားအမိလည်း ရှိနေတာကြောင့် စိုင်းဒယ်ဒီကို ရွဲ့ကာငြင်းမိ၏ ။ ဒါကို ဒယ်ဒီက ထပေါက်ကွဲပြီး သူ့အားအော်တော့သည် ။

အဟမ့်! ကိုယ့်သားအရင်းကတောင် ဒီမြေခွေးသားအမိလောက် စောက်ရေးမပါတာပဲကြည့် မာမီပြောသလိုပဲ ဒယ်ဒီက သူ့တို့ကို မချစ်တာအမှန်ပဲ ။

"စိတ်လျော့ပါ အကိုရယ် ၊ ဟို....သားအဒေါ်တို့နဲ့မစားချင် အဒေါ်တို့ မီးဖိုချောင်ထဲမှာပဲ ဝင်စားလိုက်မယ်လေနော် အကိုတို့သားအဖပဲ အေးဆေးစားပါ လာသား....''

"ဘာအတွက် ရှောင်ပေးနေမှာလဲ ချို ၊ မစားချင်တဲ့ကောင်ပဲ မစားပဲနေပါစေ ပြန်ထိုင်လိုက် ချို!''

"ဒါပေမဲ့....''

"မပြောနဲ့တော့ ချိုထမင်းပဲ အေးဆေးစားနော် ၊ ဟိုကောင် စိုင်းတခေတ်! မင်းမစားချင်ရင်မစားနဲ့ ငါ့အတွက်တစ်နပ်စာ သက်သာတယ် သွားတော့ ဟိတ်ကောင်!''

"တောက်စ်.....!''

ကိုကိုက မြူဒေါင်းကို အမုန်းမျက်ဝန်းတွေနဲ့ ကြည့်ပြီး တောက်တစ်ချက်ခေါင်းလိုက်ရင်း ထွက်သွားတော့သည် ။ ကိုကိုရဲ့ စိတ်ထဲမှာသူ့ကို ပိုင်လုံးတစ်ယောက်လို့ အထင်မှားအမြင်မှားနေခဲ့ပြီး မုန်းတီးနေသည်ထင် ။

မြူဒေါင်းမှာ အပြစ်မရှိဘူး ကိုကို ။ ကိုကိုအထင်မှာ မြူဒေါင်းတို့က ကိုကို့မိသားစုကို လုယူသွားတာဆိုပေမဲ့ မြူဒေါင်းတို့ မရည်ရွယ်ခဲ့တာတော့ အမှန်ပါ ကိုကိုရယ် ။

"မြူဒေါင်း ဘာတွေစဥ်းစားနေတာလဲသား ဟင်းတွေက စားမကောင်းလို့လား''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now