အခန်း(၄၉)

1.1K 219 16
                                    

<ချိတ်ပိတ်ထားသောယွမ်စုစည်းခြင်းအဆင့်
သို့နောက်တစ်ဖန်>

ဝမ်ရွှမ်သည် ယွမ်စုစည်းခြင်းအဆင့်သို့ ဝင်ရောက်တော့မည့် တွန်းအားကို ချက်ချင်းပြန်ရုတ်သိမ်း၍ အရှေ့သို့ ဆက်လျှောက်လာခဲ့သ
ည်။

အတန်ငယ်ကြာအောင် ခရီးနှင်ပြီးနောက်၊ပ
တ်ဝန်းကျင်တွင် တိုက်ခတ်နေသော လေအေးများသည် အတားအဆီးတစ်ခုကို ဖြတ်ကျော်
သွားမိသည့်နှယ် ရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည်။အတားအဆီး၏အပြင်ဘက်တွင် ဆီး
နှင်းများ သိပ်သည်းစွာ ကျဆင်းနေဆဲဖြစ်ပြီး အတွင်းဘက်တွင်တော့ လေညင်းလေးတော
င် တိုက်ခတ်မနေပါဘဲ ငြိမ်သက်လျက်ရှိသ
ည်။

ဝမ်ရွှမ်သည် အတွင်းမှအခြေအနေကို လှည့်ပတ်စစ်ဆေးခဲ့သည်။အတားအဆီး၏အစွန်ဘက်တွင် ဖြူစွတ်နေသော ဆီးနှင်းများပင် ရှိနေသေး၏။ထို့နောက် ရေခဲနှင့်ဆီးနှင်းများ တဖြည်းဖြည်း အရည်ပျော်လာပြီး အညိုရင့်ရောင်မြေကြီးနှင့် ၎င်းပေါ်တွင် ထွင်းထုထားသော မျဥ်းကြောင်းရာအချို့ပါ ပေါ်ထွက်လာခဲ့သည်။

ထိုမျဥ်းကြောင်းရာများကို ဓားဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး ချောမွေ့၍ ကျွမ်းကျင်ပိုင်နို
င်စွာ အားကောင်းလှသည်။၎င်းသည် လားရာဘက်တိုင်းကို ကျယ်ကျယ်​ပြန့်ပြန့် ဖြန့်ကျက်ထားခဲ့သည်။ထို့အပြင် အတူတကွရောယှက်၊
ပေါင်းစည်းလျက် ပတ်ဝန်းကျင်တစ်ဝိုက်လုံးကို ဖုံးအုပ်ထားပြီး မန္တန်စည်းဖြင့် ကာကွယ်ထားခြင်းဖြစ်သည်။ဝမ်ရွှမ်သည် မန္တန်စည်းများအကြောင်း ကျွမ်းကျွမ်းကျင်ကျင် တတ်
မြောက်ထားခြင်းမရှိလေရာ အသေးစိတ်ကို
တော့ နားမလည်နိုင်ခဲ့ချေ။မည်သို့ပင်ဖြစ်စေ အတွင်းဘက်မှ ရှုပ်ထွေးနေသော အကွေ့အ
ကောက်များဟာ သူ့ကို မယုံကြည်နိုင်လောက်အောင် တအံ့တသြဖြစ်စေခဲ့သည်။

ဤမန္တန်စည်းသည် ချူလျန် ဖန်တီးခဲ့သော အခင်းအကျင်းမျိုးမဟုတ်ပါဘဲ ယဲ့ရှန်းကော
၏လက်ရာဟုဆိုလျှင် ပိုမှန််ပေလိမ့်မည်။

ရှုထောင့်စုံမှကြည့်ရသော် သူတော်စင်သခင်ယဲ့သည် ဝမ်ရွှမ် ဘာမှမမှတ်မိခင် အချိန်က
တည်းက ကံမကောင်းစွာဖြင့် သေဆုံးသွားခဲ့သော်လည်း အတော့်ကို ပညာရည်ပြည့်ဝသော ပါရမီရှင်တစ်ဦးဖြစ်ခဲ့ပေမည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now