Chapter 29

6.5K 415 29
                                    

စိမ့်ဆေးရုံဆင်းရသည်အထိ စိမ့်အိမ်ကလူတွေတစ်ယောက်ကိုမျှမတွေ့ရ။ဘာမေးမေးကောင်းကင်က စကားလမ်းကြောင်းလွှဲကာ မင်းနေကောင်းလာရင်သိရမည်ဟုသာပြောသည်။ဆေးရုံဆင်းသည်နှင့်လကောင်းကင်က သူ့ကို မျက်စိအောက်ကအပျောက်မခံသလို သူကိုယ်တိုင်ပဲ အိမ်ကိုလိုက်ပို့မည်ဟုဆိုပြန်သည်။

"ဘယ်ကိုသွားနေတာလဲ ဒါက ငါ့အိမ်သွားတဲ့ လမ်းမဟုတ်ဘူး"

"ဆေးရုံတတ်နေရတဲ့ တစ်ပတ်အတွင်း မင်းအိမ်ကိုဖြိုချလိုက်ပြီ...."

"ဘာ....?"

စိမ့် အရင်ဆုံးဖေဖေနဲ့မေမေကိုစိတ်ပူမိသည်။ဖေဖေက စင်္ကာပူမှာဆိုလည် မေမေကရော မေမေ

"မေ...."

"စိတ်မပူနဲ့ မင်းအမေနဲ့မင်းအဖေက စင်္ကာပူမှာ"

"....."

"မင်းအဖွားကတော့ ထောင်ထဲမှာ"

စိမ့်ပြတင်းပေါက်ကနေတစ်ဆင့် ကောင်းကင်ကျယ်ကြီးကိုငေးကြည့်နေလိုက်တော့သည်။ဖွားဖွားကထောင်ထဲမှာတဲ့ ဟုတ်တာပေါ့ ဖွားဖွားကစိမ့်ကို မိန်းကလေးပါလို့ ဟန်ဆောင်လိမ်ညာခိုင်းပြီး The Unique က ရှယ်ယာတွေကိုယူထားခဲ့တာ စည်းမျဉ်းစည်းကမ်းအရ ဖွားဖွားက အနည်းဆုံးထောင်ဒဏ် ငါးနှစ်မျှ ကျမှာပဲ ။ဖွားဖွားရဲ့သက်တမ်းကအဲ့သလောက်ကျန်ပါအုံးမလား

ကားရပ်သွားသည့်အခါ သူရောက်ဖူး သည့်Villa တစ်ခုဆိုတာ စိမ့်မှတ်မိသည်။ဒီကောင့်ပါးစပ်က လက်ထပ်ပြီးပါလျှင် အတူတူနေပါမည်ဆိုသော Villa ဖြစ်သည်။ဒီလိုကိစ္စတွေ အများကြီးဖြစ်ခဲ့တာတောင် ကောင်းကင်က သူ့ကိုခေါ်လာနေတုန်းပဲ

"ဆင်းခဲ့ မင်းနဲ့ကိုယ် စာရင်းရှင်းစရာတွေများတယ်မဟုတ်လား"

ကောင်းကင်ရဲ့ စကားကြောင့် စိမ့်ဆင်းလိုက်လာခဲ့သည်။ဟုတ်သားပဲ သူတို့ကြားမှာကိစ္စအနည်းငယ်ရှိနေတာပဲမဟုတ်လား

အိမ်ထဲမှာ လူတော်တော်များများရှိသလို အားလုံးက ဆင်တူဝတ်စုံတွေနဲ့ဖြစ်သည်။နန်းတော်တမျှ ခမ်းနားနေသည်ကြောင့်စိမ့် နေရတာ စိတ်ထဲ တစ်မျိုးတစ်မည်ပင် ခဏအကြာ အားလုံးက ထွက်သွားကြပြီး  တံခါးမကြီးကို ပါပိတ်ကာ ထွက်သွားကြလေသည်။

I am not girl(Complete)Where stories live. Discover now