𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟺𝟹《အောင်အောင်မြင်မြင်လွတ်မြောက်ခြင်း》

5.7K 850 20
                                    

My Cherry Will Explode in the Apocalypse

Chapter 43

Author: Drunken Light Song
Source: Jostena M
Translator: オタク

Unicode

သို့သော်ငြားလည်း သယ်ယူပို့ဆောင်ရေးယာဉ်များမရှိဘဲ တစ်ချိန်တည်းမှာ လူများစွာကိုအဝေးသို့ခေါ်ဆောင်သွားဖို့ဆိုသည်မှ မဖြစ်နိုင်ပါချေ။ စုရွေ့ကျယ်၏နေရာလွတ်ထဲတွင် off road ဒါဇင်ပေါင်းများစွာရှိသော်လည်း လူရှစ်ရာကိုတော့ မဆန့်နိုင်ပေ။ စစ်တပ်သုံးကားများကို အသုံးပြုရန် လိုအပ်နေသေးသည်။ အရက်အစောင့်ကို စစ်ကားများမည်သည့်နေရာတွင်ရှိကြောင်းမေးခဲ့သော်လည်း အကယ်၍သူတို့သာ ၎င်းတို့အားသွားဆွဲရန်ကြိုးစားပါက ဆူညံသံတော်တော်များများလုပ်မိလိမ့်မည်။။

တကယ့်တော့ သူတို့သည် အရေအတွက်က အားနည်းသည်တော့မဟုတ်ချေ။ နောက်ဆုံးမှာတော့ သူတို့အားလုံးသည် စနစ်တကျလေ့ကျင့်ထားသော စစ်သားများဖြစ်ကြသည်။ သို့သော် ဤရက်များအတွင် သူတို့အား ဂိုထောင်ထဲတွင်မပိတ်ခံထားရကတည်းက သူတို့၏အခြေအနေသည် သိပ်မကောင်းချေ။ ထပ်ပေါင်းပြီး စစ်သားအများအပြားသည် ယခင်အသက်ရှင်ကျန်သူများ၏ပုန်ကန်မှုကြောင့် ဒဏ်ရာရထာခဲ့ကြခြင်းသည် သူတို့အတွက် အမှန်တကယ်ကို အလွန့်အလွန်အားနည်းချက်တစ်ခုဖြစ်နေတော့သည်။

ယခုအချိန် အရေးအကြီးဆုံးအရာမှာ လက်နက်များကို ပြန်ခိုးယူရန်ဖြစ်သည်။ ယခင်က ဂိုထောင်အားလုယက်ရန် တိုက်ခိုက်ဖို့အခွင့်ကောင်းယူခဲ့သော ထိုအသက်ရှင်ကျန်သူများ ကဲ့သို့ ကျန့်ယွင်သည် တူညီသောအစီအစဉ်အားပြုလုပ်ခဲ့လေသည်။ အသက်ရှင်ကျန်သူများသည် လက်နက်တိုက်အားပိုင်ခဲ့ကြသော်လည်း ခေါင်းဆောင်များသည် အသက်ရှင်ကျန်သူများအားလုံးအား လက်နက်များဖြန့်ဝေပေးရန်မဖြစ်နိုင်ချေ။ အများစုသော ထိုလက်နက်များမှာ လက်အနည်းငယ်ထဲရှိ လက်နက်အနည်းငယ်သာ ကျန်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လက်နက်တိုက်ထဲတွင် လက်နက်အများအပြားကျန်ရှိပေလိမ့်ပေမည်။

မူလက ကျန့်ယွင်သည် လက်နက်များအားလုံးကို နေရာလွတ်ထဲသို့ထည့်ရန် စုရွေ့ကျယ်အားဂိုထောင်ဆီသို့ခေါ်သွားချင်သော်လည်း ၎င်းသည် စုရွေ့ကျယ်၏နေရာလွတ်အား ဖော်ထုတ်မိလိမ့်မည်မှာ သံသယ၀င်စရာမရှိပေ။ ရှစ်ရာထက်ပိုသည့်လူများရှိနေပြီး အဆုံးမှာတော့ လူသားတွေသာဖြစ်ပြီး လျော့ရဲသောပါးစပ်များလည်းရှိပေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now