{12}

9.8K 1.3K 91
                                    

Unicode

ကျွန်တော်ယူရဲပါ့မလား?
ကျိချင်းကျိုးကတော့ မျက်ရည်မကျဘဲငိုချင်မိသည်။
သူ့မျက်နှာကအပြုံးတစ်ခုဆင်မြန်းထားပေမယ့် နှလုံးသားထဲမှာတော့ သွေးမျက်ရည်သွန်းဖြိုးနေခဲ့တယ်။

"မလိုပါဘူး။မိန်းကလေးယွီက ချူချန်ရဲ့သူငယ်ချင်းပဲဟာ ဒါတွေမလိုပါဘူး"

ယွီအန်းမင်သည် သူက ချူချန်ရဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးစိုးရိမ်နေတာကိုသိသဖြင့် အဲ့လိုကြားတဲ့အချိန်မှာ အလျော့ပေးလိုက်တော့သည်။

"ကောင်းပြီလေ နောက်ကျလို့အကူညီလိုရင် ငါ့ကိုဆက်ဆက်လာပြောပါ မင်းကိုကူညီပေးပါ့မယ်"

"ငါ သေနေလို့လား"
ချူချန် နားမလည်ပေ။

"ဘာလို့ သူကတစ်ခုခုဖြစ်တာနဲ့ မင်းကိုပြောရမှာလဲ။ငါက မဖြေရှင်းနိုင်ဘူးလား"

"မင်းက ကြက်မေမေကြီးမို့လား ကလေးကို ကာကွယ်ဖို့ ဒီလောက်စိတ်အားထက်သန်နေတာ"

"ဒါဆိုမင်းကလင်းယုန်ငှက်ကြီးလား။ ငါ့ကြက်ပေါက်စကိုငမ်းငမ်းတက်လိုချင်နေတာ"

ယွီအန်းမင် ဆွံ့အသွားမိတယ်။
"ငါ့ရဲ့ကျေးဇူးတင်မှုကို ပြချင်ရုံပါ"

"ခုနကဘာဖြစ်သွားတာလဲ?ဘာလို့ကောင်းဟန်ကရုတ်တရက်ကြီးပေါ်လာတာလဲ"

"အောက်ထပ်မှာပါတီပွဲကျင်းပနေကြတာ...ကောင်းဟန်ကအရက်သောက်ပြီး တွိုင်းလက်ဝင်ချင်လာလို့တဲ့ အောက်ထပ်မှာကြတော့လူတစ်ယောက်ကအန်ပြီးသန့်ရှင်းနေကြလို့ သူဒီကိုတက်လာတာတဲ့။သူအရင်ကဒီအထပ်ကိုလာဖူးတော့ ဘေးတံခါးရှိမှန်းသိနေလို့ အဲ့တံခါးကနေဝင်လာခဲ့တာ"

"ခဏနေလို့ အဲ့ခွေးသား နိုးလာတာနဲ့ငါ့ကိုဒူးထောက်တောင်းပန်လာစေရမယ်"

ယွီအန်းယီက အန်ကြိတ်ပြီးပြောလာသည်။
"ငါ့ကိုတောင် အနိုင်ကျင့်ချင်နေတယ် ရွံစရာကောင်!"

"အခုထိ မနိုးလာသေးဘူးလား"

ချူချန်မေးလိုက်တယ်။

"မနိုးသေးဘူး အရိုက်ခံရပြီးသေသွားတာနဲ့တူတယ်။အိပ်နေတာများဝက်သေကောင်လိုပဲ နိုးကိုမနိုးဘူး။သူနိုးလာတာနဲ့ ရှောင်ကျိကိုလာတောင်းပန်ခိုင်းလိုက်မယ်"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now