အပိုင်း( 35)Un Zaw

2.6K 257 13
                                    

"မင်းဘာလို့ ခွပ်ဒေါင်းမာန်ကိုဓားနဲ့ထိုးရတာလဲ မင်းနဲ့သူကငယ်ငယ်လေးကတည်းက ပေါင်းသင်းလာတဲ့သူတွေမဟုတ်ဘူးလား

သူကြီးကရွာသူရွာသားတွေကို ခေါ်ထားပြီး ခွပ်ဒေါင်းမာန်ကိုဓားနဲ့ထိုးနဲ့ အောင်တိုးကိုစစ်မေးနေတာဖြစ်သည်။

" ကျုပ်ကသူကိုသေအောင်လုပ်တာမဟုတ်ဘူး‌ဗျ

"သူကကျုပ်ပေါ်အမြဲတမ်းအနိုင်ကျင့် လူပါးဝနေတာ ကျုပ်မခံနိုင်တော့လို့  သာသာလေး ဓားနဲ့ထိုးလိုက်တာ

အောင်တိုးစကားကြားပြီး သူကြီးအပါအဝင်ရွာသူရွာသာတွေကပါ ပါးစပ်အဟောင်းသား ဘာတဲ့ ထိုးတာတောင်သာသာလေးထိုးတာတဲ့
ထိုအချိန်မှာဘဲ ခွပ်ဒေါင်းမာန်ရဲ့ အမကဝင်ပြောတော့သည်။

"ဟဲ့ နင်ကသာသာလေးထိုးပေမဲ့ မတော်လို့ သေသွားရင်ဘယ်လိုလုပ်မလဲ

"အခုသေမှမသေတာကို

"နင်နင်ငါလုပ်ရင်သေတော့မယ်

နှင်းသွေးကိုနံ့သာကဆွဲထားလို့သာပေါ့မဟုတ်ရင် အောင်တိုးပါးကွဲနေလောက်ပြီး နှင်းသွေးမာန်က တစ်ခြားနေရာတွေမှာသာအနေအေးပြီး ဘာဝင်မပါတက်ပေမဲ့ သူမောင်နဲ့ပတ်သတ်ရင်တော့မရ

" သူကြီးသူကို ကောင်းကောင်းအရေးယူပေးပါမဟုတ်လို့ကတော့ ကျေနပ်မှမဟုတ်ဘူး

"နှင်းသွေးမာန်သွား အိမ်ပြန်တော့ ငါတို့လူကြီးတွေ ကြည့်ရှငိးလိုက်မယ်။။

"အဖေ့

"လာပါမနှင်းရယ် အိမ်ပြန်ကြရအောင်ပါ

နှင်းသွေးမှာ နံ့သာဆွဲခေါ်ရာနောက်လိုက်လာခဲ့လိုက်ရတော့သည်။

"အဲ့တာဆိုကျုပ်တို့လူကြီးတွေဆက်ဆွေးနွေးကြတာပေါ့

__&&&_

"စိတ်လျော့ပါ မနှင်းရယ်  လူကြီးတွေသူတို့ဘာသာကြည့်လုပ်ပါလိမ့်မယ်

နံ့သာပြောတော့ ဘာမှ‌တော့ပြန်မပြောရှာ

"ဒါနဲ့အခုကဘယ်သွားနေတာလဲဟင်

‌တောင်ပိုင်းကိုသွားနေတာမလို့ နံ့သာမေးလိုက်ရခြင်းဖြစ်သည်။

ဒေါင်းWhere stories live. Discover now