Chapter - 109

7.5K 1.1K 30
                                    

ဗုဒ္ဓဟူးနေ့ညနေပိုင်း ကာယချိန်တွင်ဖြစ်သည်။

ဒီ semesterရဲ့ အချိန်ဇယားတွေက ပြောင်းကုန်တာကြောင့် Class 1ကနေ Class 5ထိ ကာယချိန်က တစ်ချိန်တည်း အတူတူလာကျတယ်။  တတိယနှစ်က စာဖိအားတွေ များတာကြောင့် ဆရာတွေကလည်း သူတို့ကို ဖိအားလျော့စေဖို့ အပန်းပြေ ပေါ့ပေါ့ပါးပါးအားကစားလေးတွေပဲ လုပ်ခိုင်းတယ်။ ဥပမာ ကြက်တောင်ရိုက်တာတို့ ကြိုးခုန်တာတို့။

သို့ပေမယ့် တစ်အုပ်စုသော alphaတွေသည်တော့ ဘတ်စကတ်ဘောကွင်းဆီကို ဝရုန်းသုန်းကားပြေးသွားကြတယ်။

"မြန်မြန်ပြေးဟ! တစ်နေရာပဲ ကျန်တော့တယ်!"
ကောကျစ်ရှုန်းက အော်တယ်။

သစ်ပင်အရိပ်အောက်မှာ ရပ်နေတဲ့ ဟန်မုန့်က :
"သွားမယ်"

ခုံရှည်ပေါ်မှာ ထိုင်နေတဲ့ကျန့်ယောင်က : "မပါတော့ဘူး"

"......"

ကောကျစ်ရှုန်းခမျာတော့ နောက်ဆုံး မျက်ရည်လည်ရွဲနဲ့ တခြားအတန်းသားတွေထဲပဲ ဝင်ဆော့ရတော့တယ်။

‌ဆောင်းရာသီမကုန်လွန်သေးတာမို့ နေရောင်ခြည်က မှုန်ပျပျလေးဖြစ်နေပြီး သိပ်လည်း မပူလှပေ။ ကစားကွင်းဘေးက သစ်ပင်ရိပ်အောက်မှာ လူတစ်စု ရပ်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်လိုက် တိုးတိုးတိုးတိုးလုပ်လိုက်နဲ့ လုပ်နေကြတယ်။

ရင်းချယ်ကတော့ တစ်ယောက်တည်း အေးအေးဆေးဆေး စာအုပ်ဖတ်နေပြီး ထိုအရာကို လျစ်လျူရှုထားတယ်။

ရုတ်တရက်ဆိုသလိုပဲ သူ့စာအုပ်ပေါ်ကို အရိပ်တစ်ခုကျ‌ရောက်လာတယ်။

သူမော့ကြည့်လိုက်တော့ 'မိတ်ဆွေဟောင်း'တစ်ယောက်ကို တွေ့လိုက်ရတယ်။
"ဘာကိစ္စရှိလို့လဲ?"

ရုန့်ဝေက သူ့ဘေးမှာရှိနေတဲ့ကျန့်ယောင်ကို လှမ်းလှမ်းကြည့်ပြီး မဝံ့မရဲဖြစ်နေပြီးမှ သတ္တိတွေစုပြီးမေးလိုက်တယ်။
"ထန်ရှရှ ကျောင်းထုတ်ခံရတာ၊ အဲ့ဒါမင်းလုပ်လိုက်တာမလား?"

ထိုစကားတွေ ထွက်လာတယ်ဆိုရင်ပဲ ဘေးပတ်ဝန်းကျင်က အသံတွေအကုန် တိတ်ကျသွားတယ်။

အားလုံးက သူ့ဆီက အဖြေတစ်ခုကို မျှော်လင့်နေကြတယ်။

ရင်းချယ်ဘက်က ဘာမှမပြောရသေးခင်မှာပဲ နောက်ထပ်လူတစ်ယောက် ထပ်ရောက်လာပြန်တယ်။ 

Pay Attention To Me [Myanmar Translation]Where stories live. Discover now