Chapter: 119

10.7K 992 232
                                    

Sexual content alert! read at your own risk

Unicode

ပြတင်းပေါက်

_______________________

လေတစ်ချက်အခတ်တွင် မွှေးပျံ့သော ယင်းမာရနံ့က နှာဖျားဝဆီ လှိုက်ခနဲ လှိုက်ခနဲ တိုးဝှေ့လာသည်။

ယုဂန်ဟာ မိမိတစ်ကိုယ်လုံးပြုတ်ကျနိုင်လောက်သည့် ကျယ်ဝန်းလှသော ပြတင်းပေါက်ဘောင်ကို လက်ထောက်ရင်း မိမိ​ရှေ့တည့်တည့်ရှိ ယင်းမာပင်ကြီးမှ အကိုင်းအခတ်တို့ကို အမှုမဲ့စွာ ငေးဆွေးကြည့်နေမိသည်။

ညဘက်အချိန်မို့ ယင်းမာပင်မှ အရွက်တို့ဟာ စိမ်းစိမ်းစိုစိုမရှိ။ ထိုအစား မှောင်မိုက်ကျသော သစ်ရိပ်သစ်ခက်များနှင့် အရွက်တို့​၏တရှဲရှဲမြည်သံကိုသာ ကြားရသည်။ ထို့အပြင် ပြတင်းပေါက်ကို အရွက်စိတ်စိတ်၊ အကိုင်းအလျှိုလျှိုတို့က ကွယ်နေလေရာ အပြင်ဘက်မြင်ကွင်းကို သေချာစွာမမြင်ရပေ။ သို့တိုင် သစ်ရွက်တို့​၏ဟိုကြားဒီကြား လွပ်လပ်သည့်နေရာများတွင်တော့ စံအိမ်ခြံဝန်းအဝင်ဝကို လှမ်းမြင်နိုင်ကာ ခြံဝတွင် မီးတုတ်များနှင့် ရပ်စောင့်နေသည့် လုံခြုံရေးစစ်သည်များကို တွေ့ရသည်။

ထိုစစ်သည်များမှာ ရာဓဇတိုင်းစစ်သည်များဖြစ်​၏။ သူတို့ရောက်ရှိနေသောနေရာမှာတော့ မင်းသားမင်းသိဒ္ဓာတ်​၏ဩဇာခံ ရာဓဇတိုင်းအတွင်းမှမြို့စားတစ်ဦး​၏ စံအိမ်တော်ဖြစ်​သည်။

သူနှင့်မောင်သည် မိမိတို့​၏ကတိတာဝန်အရ ရာဓဇတိုင်းဘက်သို့ ​ထွက်ခွာလာခဲ့ကာ လုပ်ကြံပေးရမည့် အတိုင်ပင်ခံအမတ်ကြီး​၏မိဘမဲ့ကျောင်းဆီသို့ သွားရောက်ရမည်ဖြစ်သည်။ သို့ရာတွင် အဆိုပါမိဘမဲ့ကျောင်းသည် ဝေးလံလှလေရာ သူတို့အနေနှင့် ယခုစံအိမ်တော်တွင် တစ်ညတာနားခိုပြီး မနက်ကျမှ လိုရာခရီး ရှေ့ဆက်ရမည်ဖြစ်သည်။

တည်းခိုသော စံအိမ်တော်ပိုင်ရှင်မြို့စားမင်းသည် မင်းသားမင်းသိဒ္ဓာတ်​၏အမိန့်ကို ရရှိထားပြီးဖြစ်သည့်အပြင် မင်းသားအရုဏကိုလည်း ကြည်ညိုရင်းစွဲရှိသည့်အတွက် ဘုရင်တစ်ပါးနှယ် ခမ်းနားတင့်တယ်စွာကြိုဆိုခဲ့​သည်။ နေရေးထိုင်ရေးအတွက်လည်း စံအိမ်တော်ရှိ အကောင်းဆုံးနှင့် အကျယ်ဆုံးအခန်းအား ပေးခဲ့သလို စားကောင်းသောက်ဖွယ်များနှင့်လည်း တည်ခင်းဧည့်ခံခဲ့သည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now