အခန်း(23)

23.7K 1.4K 18
                                    

"အ"

ရနံ့ အိပ်ချင်မူးတူးနဲ့ မျက်လုံး​​ လေးကိုပွတ်ပြီးအလောတကြီးထလိုက်မိတယ်

"ဖြည်းဖြည်းထလေ honeyလေးရဲ့ နာသွားပြီမလား"

ရနံ့ ဘေးကနေကြားလိုက်ရတဲ့ အသံကြောင့် အလန့်တကြားမော့ကြည့်လိုက်တော့ ဘေးနားမှာ ရနံ့ကို ပြုံးပြီးစိုက်ကြည့်နေတဲ့ darling ကို တွေ့လိုက်ရတယ်

အကျီမပါပဲ ကြွက်သားတွေ အပြည့် ခေတ်စကားအရဆိုရင် ဘာပါလိမ့် six packsဆိုလားပဲ ရနံ့ သဘောတကျနဲ့ လက်က six packsဆိုတဲ့ နေရာကိုရောက်သွားတော့တယ်

လက်သေးသေးလေးနဲ့ တဖွဖွပွတ်ပြီး မျက်လုံးတောက်တောက်လေးကြည့်နေတဲ့ honeyလေးကြောင့် လွှမ်းရိပ်မျက်လုံးတို့က မဲမှောင်လာတော့တယ်

လွှမ်းရိပ် honeyလေးရဲ့ လက်မောင်းကိုဆွဲပြီး လွှမ်းရိပ်အောက်ကို ပို့လိုက်တော့တယ်

"ဘာ ဘာလုပ်တာလဲ"

"ကိုယ့်ကို မြူစွယ်နေတာမလား honeyလေး"

"ဘယ်သူက မြူစွယ်လို့လဲ"

"ဒီလက်ဖြူဖြူလေးတွေက ကိုယ့်ကို ဒီလိုပွတ်ပြီး မျက်လုံးတောက်တောက်လေးနဲ့ ကြည့်နေတာ က မြူစွယ်တာမဟုတ်တော့ ဘာလဲပြောပါအုံး အသဲလေးရဲ့"

လွှမ်းရိပ်ပြောရင်း နှုတ်ခမ်းရဲရဲလေးကို ဖိကပ်နမ်းလိုက်တော့ မျက်လုံးလေးကမှိတ်သွားတော့တယ်

"အသဲ ကိုယ့်ကိုကြည့်အုံးလေ"

ခေါင်းကိုအတင်းယမ်းပြီး မျက်လုံးကို အတင်းပိတ်ထားတဲ့ ပုံစံကြည့်ရတာ ညကအကြောင်းကို ပြန်သတိရသွားတယ်ထင်တယ်

လွှမ်းရိပ် ခြုံထားတဲ့စောင်လေးကို ဆွဲဖယ်လိုက်တော့ အလန့်တကြားနဲ့ စောင်ကိုအတငိးပြန်ဆွဲထားတော့တယ်

"အသဲက ရှက်နေတာလား ညကတင် အသဲတကိုယ်လုံးကို ကိုယ်မြင်ဖူးထားပြီးသားလေ အသဲရဲ့ ရင်ဘတ်က မှဲ့နီနီလေး အသဲရဲ့ ဘယ်ဘတ်တင်ပါးလေးမှာရှိတဲ့ မှဲ့အစိမ်းလေးတွေက အရမ်းလှတာပဲ

"အဟင့်"

လွှမ်းရိပ်မှာတော့ တရှုံ့ရှုံ့နဲ့မျက်ရည်တွေကျလာတဲ့ အသဲလေးကြောင့် ပျာယာတွေ ခတ်သွားတော့တယ် လွှမ်းရိပ် honeyလေးကို ရင်ခွင်ထဲထည့်ပြီး အသဲအသန်ကိုချော့ရတော့တယ်

babies လေးတို့ရဲ့ daddy babies ​လေးတို့ရဲ့ daddyWhere stories live. Discover now