"ပြောစရာရှိတာ ပြော ငါတို့ကမင်းလိုအားယားနေတာမဟုတ်ဘူး
"ဟုတ်တယ်
အဖေနဲ့ အမကို ဘယ်လိုစပြောရမလဲဆိုပြီး ခွပ်ဒေါင်း အကြိတ်အနည်စဉ်းစားနေရသည် ။
ဦးနှောက်က အလုပ်မလုပ်တာကြာပြီမလို့ ဘယ်လိုမှ စဉ်းစားလို့ကမရ နောက်ဆုံး တည့်တိုးပြောဖို့သာ ဆုံးဖြတ်လိုက်သည်။
"ကျုပ်ကို ယောင်္ကျားလိုက်တောင်းပေး
"ဖွီ အဟွတ် အဟွတ်
"ဟမ်
ခွပ်ဒေါင်းစကားကြားပြီး အဖေကတော့ ရေနွေး သည်းပြီး ချောင်းတွေဆိုးပါလေရော အမ နှင်းသွေးကြည့်လိုက်တော့လဲ လက်ဖက်ဇွန်းကြီးကိုင်ပြီး အံ့ဩနေသည်။
" နှင်းသွေး ငါနားကြားများ မှားနေလားမသိဘူး
" မမှားဘူးအဖေ သမီးလဲ အဖေကြားသလို ကြားလိုက်တယ်
" ကြားကျရင်လဲ လိုက်တောင်းပေးကြဗျာ ကျုပ်လူပျိုကြီးဘဝနဲ့ မနေနိုင်ဘူး
" ငါတို့ကမင်းအတွက် ဘယ်သူလိုက်တောင်းပေးရမှာလဲ
" ဆရာလေးကို
"ဟမ်
ဦးတိုးမာန်နှစ်ကြိမ်မြှောက်အံဩခြင်းပါ အရင်ကတည်းက ဒင်းဆရာလေးကိုစိတ်ဝင်စားနေတယ်ထင်ပေမဲ့ ခဏအပျော်လို့သာထင်ခဲ့မိတာ အခုကျတော့ လိုက်တောင်တောင်းခိုင်းနေပြီးဆိုတော့ အပျော်မဟုတ်တော့တာသေချာသည်။
" ဆရာလေးကို လိုက်တောင်းခိုင်းရအောင် နင်ကို ဆရာလေးကကြိုက်လို့လား
အမနှင်းသွေးရဲ့စကားကို အဖေကလဲ ခေါင်းညိမ့်ပြီးထောက်ခံသည်။
"အခုတော့ မကြိုက်သေးပေမဲ့ နောက်ကျပြန်ကြိုက်လာမှာပါ
"ပြန်ကြိုက်မှလာပြော အခုတော့ မင်းအလုပ်လုပ်ဖို့စဉ်းစား ယောင်္ကျားသာယူချင်တာ အလုပ်ကျမလုပ်ချင်ဘူး
"အဖေရှိနေတာဘဲ
"ငါရှာတဲ့ပိုက်ဆံ မင်း ယောင်္ကျားယူဖို့မဟုတ်ဘူး မင်းဘာသာမင်းအလုပ်လုပ်လို့ရတဲ့ပိုက်ဆံနဲ့ယူ