Part (11) Uni/Zawgyi

28K 778 52
                                    

ပြန်လိုချင်တယ်

အပိုင်း (11)

"မမသက် မော်ဒယ် မှုံနံ့သာရဲ့ Dressကဒီနေ့ Deadlineနော် "

ပန်းအိက ခင်သက်ဆိုင်ထဲဝင်လာကတည်းကသတိပေးနေပုံထောက်ရင် မော်ဒယ်မှုံနံ့သာက ဘာ Complain တက်နေသလဲမသိ။

"အင်း သိတယ်လေ ပန်းအိရဲ့ အစ်မတို့ပြီးသွားပြီလေ သူ ကားစင်တာ ဖွင့်ပွဲအတွက်အပ်ထားတဲ့ဟာမဟုတ်လား "

ခင်သက်က လမ်းမှာဝင်ဝယ်လာတဲ့ကော်ဖီဘူးကို သူမရဲ့ရုံးခန်းရှေ့ကအမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်ပြီးရုံးခန်းထဲသို့ပန်းအိနှင့်အတူဝင်လာသည်။

"ဟုတ် အဲ့တာညနေလာယူမယ်တဲ့ ပြီးတော့ မမသက်ကိုနောက်ပွဲအတွက်လည်းထပ်အပ်မလို့ထင်တယ် သူ့မန်နေဂျာအစ်ကိုကြီးကဖုန်းဆက်တာ မမသက်အားတဲ့ချိန်ကိုလာမယ်ဆိုပြီး"

"သြော်....အင်း အစ်မကဒီနေ့ တစ်နေကုန်ဆိုင်မှာရှိနေမှာပဲလေဘယ်ချိန်လာယူယူရပါတယ် ဒီနေ့အခြားလာယူမယ့်သူတွေလည်းမရှိသေးဘူးမလား"

ခင်သက်က အပေါ်ဝတ်ကုပ်အင်္ကျီအဖြူကလေးအားချွတ်ပြီး ဘေးကထောက်တိုင်ကလေးမှာချိတ်ထားလိုက်သည်။ စကပ်အကြပ်ကလေးနှင့်ခရော့တော့ပ်အဖြူကလေးကသူမရဲ့ခန္ဓာကိုယ်ပေါ်မှာချပ်ကပ်စွာနေရာယူထားလျှက် သူမဝတ်ထားတဲ့ငွေရောင်နားကွင်းတွေပေါ်အောင်လည်းဆံပင်တွေကိုနားနောက်သို့သိမ်းသပ်ထားသည်။

"ခဏနေရင် အန်တီမိုးခမ်းဝါ လာမယ် မမသက်"

"ဟုတ်သားပဲ....အန်တီမိုးခမ်းကဖုန်းမဆက်တာကြာတော့အစ်မမေ့သွားတယ်"

ဒေါ်မိုးခမ်းဝါဟူသည် သူ့ခေတ်သူ့အခါက အောင်မြင်ကျော်ကြားခဲ့သော နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ပြီး ခင်သက်ရဲ့မေမေနဲ့လည်းသူငယ်ချင်းများဖြစ်ကြလေသည်။ ခင်သက်ဒီဇိုင်နာစဖြစ်ကတည်းက ဒေါ်မိုးခမ်းဝါဟာ သူမဘယ်ပွဲတက်တက် ခင်သက်ဆီမှာပဲအပ်လေ့ရှိတာဖြစ်သည်။ အခုလည်းနောက်လဆန်းပိုင်းမှာစမှာဖြစ်တဲ့ X Factor အဆိုပြိုင်ပွဲမှာ ဒိုင်လူကြီးတစ်ယောက်ဖြစ်စေကာမူ ထိုပွဲမှာဝတ်ဖို့ Dressများကိုခင်သက်ဆီသို့သာလွန်ခဲ့သောနှစ်ကတည်းကပုံအပ်ထားခဲ့တာဖြစ်သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now