Epi(33)(Unicode)

6.6K 551 14
                                    

အပိုင်း(၃၃)

ကျောင်းမှ ခွင့်ယူခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဖွားကသူစိတ်ငြိမ်လာပြီဟု ထင်ပုံရသည်။ ညိမ်အိမ်သို့ပြန်နေစဉ် အတွင်း ဖွားက သူ့ကို မေးလာပါ၏။ ဒေါ်မူယာနွယ် ပီသစွာပင် သူရဲ့အရင်နှင့်မတူသော ကွဲထွက်နေသည့် အမူအယာများအား ဖမ်းမိသွားသည်။ တစ်ဖက်မှာလည်း အဆင့်အတန်းမရှိသည့် ကောင်များနှင့် ကျောင်းတွင် ပြဿနာတက်သည့် ကိစ္စဖြစ်သွားသည်။ ထိုသည်မှာလည်း သူ့အတွက်တစ်မျိုးကောင်းသွားခြင်းဖြစ်လိမ့်မည်။ ကျောင်းအုပ်ကြီးသည် ရန်ဖြစ်သည့်ကိစ္စကြောင့် သူဟာ စာမေးပွဲဖြေခါနီးမှသာ ကျောင်းလာတော့မည်ဟု ထင်နေသည်။

အမှန်‌တော့ ထိုကိစ္စတွေဟာ ထင်သလောက်မရိုးရှင်းပါ။ သူနဲ့ညိမ် ပတ်သက်မှုကို ဖွားကသိသွားသည့်အတွက် သူတို့နှစ်ယောက်ဆက်ဆံရေးမှာ ထင်သလောက်လွယ်ကူမှာမဟုတ်တော့ပေ။ ထို့ကြောင့် ဖွားအား ချုပ်ကိုင်နိုင်မည့် အရာကို သူရှာနေခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်သို့ရောက်နေသည့်အချိန်မှ၍ ညိမ့်အားသူဂရုပင်မစိုက်ပင် သေချာမစိုက်မိ။ ကိုယ့်ကိစ္စနဲ့ကိုယ် ရှုပ်နေသည်မှာ  ဖုန်းတောင် သေချာမပြောရပါ။ သို့သော် ညိမ်က နားလည်ပေးသည့်အပြင် ငြိုငြင်တာပါမရှိခဲ့။

ပြင်ဦးလွင်မှ ပြန်လာသည့်လမ်းတလျှောက်တွင် သူ့စိတ်တွေပျော်ရွှင်နေခဲ့ပါ၏။ တစ်မိုးအောက်ရှိနေပါသော်လည်း တွေ့ချင်လျှင် ပြေးတွေ့လို့မရသည့် အခြေအနေသည် တကယ့်ကိုဆိုးရွားလှသည်။

‌*ဒယ်ဒီ့တုန်းကရော...အဆင်ပြေခဲ့ရဲ့လား။

သူပြန်လာမှာကို ညိမ့်အားမပြောခဲ့ပါ။ ညိမ့်အတွက် လက်ဆောင်ပစ္စည်းများပါ ယူလာကာ ညိမ်သင်တန်းကပြန်လာမည့်အချိန်ထက်စော၍ တိုက်အောက်တစ်နေရာမှ ကွယ်ကာစောင့်နေလိုက်သည်။

ဖုန်းကို ကြာကြာမပြောဖြစ်သော်လည်း ပြောခဲ့သည့် အချိန်လေးအတွင်း ညိမ်ပြောသမျှကို သူ့ရဲ့ မသိစိတ်မှ အားလုံးမှတ်ထားသည် ထင်၏။ သင်တန်း၏တည်နေရာကအစ အချိန်အစအဆုံး သူမှတ်ထား၏။

ကားမှတ်တိုင်မှ လမ်းထဲသို့ လမ်းလျှောက်လာသည့် ညိမ့်အား သူကြည့်နေလိုက်သည်။ လမ်းသွားလျှင် အခြား‌ပတ်၀န်းကျင်ကို ဂရုမစိုက်တတ်သည့် ညိမ်က သူ့ကို ခပ်ဝေးဝေးကပင် မြင်ဟန်မတူ။

Love Of My Life [Completed]Where stories live. Discover now