part33(Unicode)

35.3K 3.5K 757
                                    

"ဒီး...ဒီး...ဒီး...ဒီး..."

စားပွဲပေါ်ရှိဖုန်းက တုန်ခါသံခပ်ကျယ်ကျယ် ထွက်ပေါ်လာတာမို့ လက်ထဲမှပစ္စည်းများအား အသာချကာ သူဖုန်းအားဆွဲယူလိုက်ရသည်။ထင်ထားသည့်အတိုင်း ဆိုင်းလော့ဒ်ဖြစ်နေ၏။‌သတိလက်လွတ် ခပ်‌ယောင်ယောင်လေးပြုံးမိပြီးမှ အနီးမှာမမွန်နှင့်အတူ ကောင်မလေးနှစ်ယောက်ပါ ပစ္စည်းတွေစီရင်း ရှိနေကြတာမို့ သူနေရာမှအသာအယာ ထထွက်ခဲ့လိုက်သည်။မလှမ်းမကမ်းရောက်မှ ဖုန်းကိုင်လိုက်ပြီး...

"ဆိုင်းလော့ဒ်..."

"မလာသေးဘူးလား...."

သူအသံပြုလိုက်တာနှင့် ဆိုင်းလော့ဒ်၏ သြရှရှအသံကဖုန်းထဲမှထွက်ပေါ်လို့လာလေသည်။အသံလေးကြားလိုက်ရရုံဖြင့် ရင်ဘတ်ထဲမှာ ကြည်နူးခြင်းဓာတ်သက်လေးတွေ ဖြတ်သန်းစီးဆင်းသည်။

"အလုပ်မပြီးသေးဘူးလေ ကောင်လေးရဲ့..."

"ဆိုင်ပိတ်လိုက်ပြီ မဟုတ်ဘူးလား..."

သြသြရှရှအသံက မကြည်လင်သလိုလေးထွက်ပေါ်လာတာမို့...

"မမွန်တို့ရှိနေကြသေးတယ် ဒီနေ့ဖိုထဲက အသစ်ထွက်လာတဲ့အထည်တွေ စာရင်းပေါင်းထည့်ပြီး အထည်တွေပြန်စစ်နေတာလေ.."

ရှင်းခန့်ဆီမှ လေသံအေးအေးလေးဖြင့် ချော့မော့သလို ပြောလာတာကြောင့် စိတ်မရှည်ဖြစ်နေရတာတွေ အနည်ထိုင်သွားရပြီး...

"ညစာစားဖို့ စောင့်နေတာ ဟင်းတွေအေးကုန်တော့မယ်..."

ဆိုင်းလော့ဒ်၏စကားကြောင့် သူနာရီအားကြည့်မိတော့ ညနေ၆နာရီပင်ထိုးလို့ နေပြီးဖြစ်လေသည်။

"အင်းပါ သိပါပြီ ကိုယ်အလုပ်ပြီးတာနဲ့ လာခဲ့ပါ့မယ် သူတို့လည်း ခဏနေပြန်ကြတော့မှာပါ ဒါမှမဟုတ် မင်း ဒီဖက်ကူးလာခဲ့လိုက်လေ ချွတ်ထားတဲ့အခေါက်တုံးတွေလည်း စစ်ရဦးမှာ ကိုယ်ရေချိုးနေတုန်း မင်းလာစစ်ထားပေးပါလား အလုပ်မြန်မြန်ပြီးတာပေါ့..."

"မလာချင်ဘူး...."

ဆိုင်းလော့ဒ်ဆီမှ ပြတ်ရှရှထွက်ပေါ်လာသော အသံကြောင့် သူ့မျက်ခုံးတန်းတွေ တွန့်ကွေးသွရပြီးမှ...

Wild  Rose(complete)Where stories live. Discover now