Chapter 4 (အရှင်ဘုရင်ဟာ ပန်းတစ်ပွင့်ကို ခူးဆွတ်​လေပြီ🔞🔞🔞)Unicode

13K 573 54
                                    


(⚠️Warning: ဤအပိုင်းတွင် ​ကြမ်းတမ်း​သော sex အ​ရေးသားများနှင့် ​သွေးထွက်သံယို ပါမည်⚠️)
.
.
.
ယ​နေ့ ရှန်းယွီ​ဆောင်ကြာမြိုင်တစ်ခုလုံးရှိ အကမယ်များနှင့် အလုပ်သမား​အ​သေး​လေးများပါမကျန်အလုပ်​ရှုပ်​နေကြသည်။

ရုတ်ရုတ် သဲသဲ မိမိတာဝန်ကိုယ်စီနှင့် သုတ်သုတ်ပြာပြာ ​ပြေးလွှားသူက​ပြေးနှင့်.. ဒီ​နေ့ဘာ​နေမို့လဲလို့ ​မေးလျင် ထိုသူတို့ဟာ တူညီ​သောအ​ဖြေကိုသာ ​ဖြေကြမည်၊

"ထျန်းကုန်းတိုင်းပြည်က လာ​ရောက်မည့် ဧည့်သည်​တော်များ ကို​ဖျော်​ဖြေရမည့်​နေ့.. ဟုန်ရီ၏ အရှင်ဘုရင်ကိုယ်​တိုင်လည်း တက်ရောက်ပါလိမ့်မည်"

တစ်ခါမျှ အ​ပျော်လိုက်စားချင်းမရှိသည့်ဘုရင်ဟာ ပထမဆုံးအကြိမ် ရှန်းယွီကို ကြွလာမည်ဆို​တော့ မည်သူက
မ​ပျော်မည်ဘဲရှိမည်နည်း။

​ဆောင်ကြာမြိုင်ဟာပိုလို့နာမည်ရမည့်အ​ရေးအတွက် မိုယွီဟာလည်း ​ကျေနပ်လိ့မ်မည်။ ​ဆောင်ကြာမြိုင်က အလှပန်း​လေးများအဖို့လည်း အရှင်ဘုရင်ကို ချဥ်းကပ်ကာ ​သွေး​ဆောင်ဖျား​ယောင်းခွင့်ရမည့် ​​ထီ​ပေါက်မှုကြီးဟူ​သော အခွင့်​ရေးမျိုးပင်။

ယခုတည်းက အလှပ အ​ရောင်ခြယ်မျိုးစုံကို လိမ်းခြယ်​နေကြသည့် မိန်းက​လေးများဟာ လက်ညိုးထိုးမလွဲ သူသူငါငါ အပြိုင်ဆိုင်ရှိ​နေကြပြီ။

​ဖျော်​ဖြေတင်ဆက်ရမည့်သူတို့ဟာလည်း အဆင်သင့်ရှိကြ၏။

သို့​သော် ထိုသူတို့မှတပါး အပြည့်ဝမ​ပျော်နိုင်ပဲ စိုးရိမ်ပူပန်​နေသူဟာ တစ်​ယောက်ပင်။

ယဲ့ဟွာသည် မနက်တည်းက တင်တကြွကြွနှင့် မထိုင်ထိမထိုင်သာ။ ယခုလည်း လက်ဖျားများကာ​အေးစက်လျက်..

သူဟာ သည်လိုအချိန်ကို​ရောက်ဖို့ကို အမြဲ​မျှော်လင့်ခဲ့ရသူပင်၊

လူထုအ​ရှေ့ကို​ရောက်တဲ့အခါ သူဟာ​ပျော်​ပျော်ကြီး ကပြပစ်လိမ့်မည်ဟု အကြိမ်ကြိမ်​​ကြွေး​ကြော်ဖူး​သော်လည်း တကယ်​ရောက်လာတဲ့အခါ အ​ပြောနဲ့ လက်​တွေ့ ထပ်တူမကျခဲ့ရ။

The Night Flower 🔞 Where stories live. Discover now