#Uni
....................................
မီးရောင်စုံများအောက်မှာလှုပ်ရှားကခုန်နေကြတဲ့မြင်ကွင်းကို အတ္တတစ်ယောက်ဝီစကီသောက်ရင်းထိုင်ကြည့်နေမိသည်။ဟိုမအေ×ိုးလေးက ဘား သွားပါမယ်ဆိုတာကို ကလပ်သွားရအောင်ပါဇွတ်ပြောနေလို့ သူလဲအပြောင်းအလဲဖြစ်အောင်လက်ခံလိုက်သည်။ကလပ်ရောက်ရောက်ခြင်း ကခုန်နေတဲ့လူစုထဲတိုးဝေ့သွားတဲ့ သူေတာင်းစားကြောင့် အတ္တတစ်ယောက်တည်း ဆိုဖာပေါ်ထိုင်ကာ ဝီစကီသောက်ရင်း မျက်စိပဿဒဖြစ်ေအာင်လိုက်ကြည့်နေမိခြင်သာ
"Hello ရှင့်ဘေးမှာထိုင်လို့ရမလား"
ချွဲနွဲ့နွဲ့အသံကြောင့် အရှေ့သို့ပို့ထားသောအကြည့်တစ်စုံအားဘေးသို့ရွေ့လိုက်ရာ ရှိသမျှပစ္စည်းအကုန်လစ်ဟာပြထားသောဝတ်စုံအတိုအကျပ်နှင့်မျက်နှာတွင်လဲရောင်စုံခြယ်သထားသောမိန်းမလှလေးတစ်ဦး၊လက်ထဲတွင်ဝိုင်တခွက်ကိုဟန်ပါပါကိုင်ထားလေသည်။
"အဟင်းးမိန်းမလှလေးကခွင့်တောင်းတာကိုကိုယ်ကငြင်းစရာလား "
ပြောပြီးပြီးချင်းကိုယ့်ဘေး၌ပူးကပ်ပြီးထိုင်လာတဲ့မိန်းမလှလေးဆီကရေမွှေးနံ့ကြောင့် မသောက်ရသေးဘဲမူးချင်သွားသည်။
"ဒေစီ့နာမည်က ဒေစီယာပါ "
"ကိုယ့်နာမည်က"
"အတ္တဂုဏ်ရှိန်မလား ဒေစီသိပါတယ်"
မျက်ခုံးတစ်ဖက်အသာပင့်မိသွားသော်လည်းအံ့ဩဟန်တော့မပြမိပါ
"ဘယ်ကများလဲ"
" Leopard "
ဆံပင်များအားသိမ်းကာဂုတ်မှဂိုဏ်းတံဆိပ်အားပြလာသောကြောင့်တစ်ချက်မျှကြည့်လိုက်ပြီးနောက်
" အကြောင်းအရင်းရှိသလား "
အတ္တလဲမိန်းမလှလေး၏ခါးအားဖက်လိုက်ကာ ရင်ခွင်ထဲဆွဲသွင်းရင်း မျက်နှာချင်းထိကပ်စွာမေးလိုက်သည်။ဒေစီယာ၏လက်ညှိုးတချောင်းကရင်ဘတ်ပေါ်ရောက်လာကာ ရင်ဘတ်တလျှောက်အပေါ်အောက်စုန်ဆန်သွားနေရင်း နား နားကပ်ကာပြောလာသောစကားကြောင့်နူတ်ခမ်းတွန့်ရုံပြုံးမိကာ သောက်လက်စ ဝီစကီအား ကုန်အောင်မော့သောက်လိုက်ပြီး မိန်းမလှလေး၏ခါးအားဖက်လျှက် ကလပ်အနောက်ပိုင်းသို့ဝင်လာလိုက်သည်။ထိုနောက်အခန်းတစ်ခန်းယူကာအခန်းတွင်းနှစ်ယောက်အတူဝင်သွားလိုက်လေသည်။သူမသိလိုက်သည်က သူ ကလပ်ထဲဝင်လာကတည်း အခန်းထဲဝင်သွားသည်အထိ သူ့အားသေချာကိုလိုက်ကြည့်နေသောလူတစ်ယောက်ရှိနေသည်ဆိုတာကိုပင်။
BẠN ĐANG ĐỌC
Lãng mạnZawgyi စချစ်တဲ့သူက မင်းဆိုပေမဲ့ ပိုချစ်တဲ့သူကကိုယ်ပါမြတ်နိုးရသူရယ် အမြတ်တနိုးချစ်ရသူမို့အသက်တစ်မျှချစ်ရပါတယ် စေ~ #အတ္တဂုဏ်ရှိန် ပန်းတွေကိုသဘောမကျတဲ့ကိုယ်က မင်းနဲ့စတွေ့တဲ့ဧပြီလရဲ့ရာသီပန်း ပန်းပိတောက်တွေကိုတော...