မွေးစားသမီး

30K 72 1
                                    

ပိုးသားနက် ဝန်ထမ်း ဝတ်စုံလေး ဖြင့် သီရိ ခပ်သွက်သွက်လေး ရုံးခန်းသို့ ဝင်လာခဲ့သည် ။ သီရိ ဆိုတာက မြူနှင်းကုမ္မဏီကြီး ရဲ့ အတွင်းရေးမှုး တစ်ယောက် ဖြစ်သလို ထို ကုမ္မဏီပိုင်ရှင် များ၏ မွေးစား သမီး တစ်ယောက် ဖြစ်သည် ။အသက် နှစ်ဆယ့်ငါး ခန့်သာ ရှိသေးသော်လည်း လူကြီးဆန်ဆန် ပင် ကျတ်သရည် ရှိစွာ ဆင်ယင်ထုံးဖွဲ့ထား တတ်သည် ။ သူမ နှင့် ဤ စတိုင် နှင့် လည်း လိုက်ဖက် လွန်းသည် ။ မျက်ခုံးကောင်းကောင်း နှာတံဆင်းဆင်း ဖြင့် သူမ ၏ မျက်ဝန်း တို့သည် ညို့ငင်တောက်ပလွန်းသည် ။ သူမ သည် ခပ်တောင့်တောင့်ကြီး မဟုတ်သော်လည်း သူမ အနေအထား နှင့် သူမတော့ ကြည့်ကောင်း လွန်းပါသည် ။ ” သီရိ ရောက်လာပြီလား . ဆရာ က သီရိ ရောက်ရင် အခန်း ကို လာပါတဲ့ . . ” ” ဟုတ်ကဲ့ . မမချို ” မမချို ဟူသော အမျိုးသမီး မှာ ဤ ရုံး ၏ ဝါအရင့်ဆုံး ဝန်ထမ်း တစ်ဦး ဖြစ်သည် ။

နာမည် နှင့် လိုက်ဖက်အောင် ချိုသာ လွန်းသော မျက်နှာကြောင့် သူမ မျက်နှာသည် အမြဲ ပြုံးရွှင် နေသည် ။ သို့သော် ယနေ့ မမချို တစ်ယောက် မျက်နှာ မရွှင်မလန်း ဖြစ်နေသည် ။ မမချို သာမက သီရိ မြင်သမျှ လူတိုင်း ၏ မျက်နှာများ လည်း မရွှင်မလန်း ဖြစ်နေသည် ။ သီရိ ကိုယ်တိုင် လည်း မိမိ ၏ မျက်နှာအား အတတ်နိူင်ဆုံး ညိုးငယ်ထား သည် ။ ရင်ထဲ မှာတော့ စိတ်လှုပ်ရှားမှုများ သာ ဖြစ်သည် ။ သီရိ တံခါးစေ့ ရုံသာ စေ့ ထားသော တံခါး ကို အသာတွန်း ဖွင့်လိုက်သည် ။ အထဲ တွင် ဧည့်ခန်းပမာ သေသပ်လှသော အသုံးအဆောင် ပရိဘောဂ များ နှင့် အတူ ဦးကောင်းမြတ် ရှိနေလေသည် ။ ” အပြင်မှာ ဘာ သတင်း ရသေးလည်း . သီရိ . ” ဦးကောင်းမြတ် စိုးရိမ်မှု မကင်းသော လေသံများ ဖြင့် သီရိ ကို မေးလိုက် ခြင်း ဖြစ်သည် ။

သီရိ လည်း ဦးကောင်းမြတ် အနားရောက်အောင် လျှောက်လာပြီး မှ . ” အားလုံး ကတော့ မြူနှင်း ပြန်ပေးဆွဲ ခံရတယ် ဘဲ . သိထားတယ် . စိတ်မကောင်း ဖြစ်နေကျတယ် . သူတို့ ကတော့ ကိုကြီး နဲ့ သီရိ သက်ဆိုင်ရာ ကို တာဝန်ယူပြီး တိုင်ထားတယ် . ရှာနေတယ် လို့ဘဲ ထင်နေကျတယ် . ” ဦးကောင်းမြတ် ပြုံးယောင် သမ်း သွားပြီး ” သီရိ ကိုကြီး အတွက် ကော်ဖီခါးခါးလေး တစ်ခွက် ဖျော်ပေးပါလား . ” ” ဟုတ်ကဲ့ . ” သီရိ ထို အခန်း ထဲ တွင်ပင် အသင့်ရှိသည့် ပစ္စည်းများ နှင့် ကော်ဖီဖျော်စပ် နေရင်း . ” အကိုကြီး မြူနှင်း ကို ဘာ ဆက်လုပ်ဖို့ စိတ်ကူးထားလည်း . အရမ်းကြီး ဒုက္ခ ရောက်အောင်တော့ မလုပ်ပါနဲ့ . သနားပါတယ် . ” ဦးကောင်းမြတ် ကတော့ သီရိ ၏ စကား ကို သိပ်နားဝင် ဟန် မရှိ ။

အပြာစာWhere stories live. Discover now