Ch 59

3.6K 515 58
                                    

များ​ပြားလှတဲ့ ဖြေရှင်းစရာကိစ္စတွေကြောင့် အချိန်အတော်လင့်တော့မှသာ ချူရှင်းပြန်ရောက်လာခဲ့တယ်......ချူရှင်း ပြန်ရောက်လာချိန်မှာ ဘုရင်ဆိုးလေး ကြည့်ရတာ
ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေပုံပဲ........

ဒီနေ့ ဒီဘုရင်ဆိုးလေး လုပ်သွားတဲ့ ညစ်ကျယ်ကျယ်အပြုအမှုလေးတွေကို သတ်ရမိလိုက်တော့ ချူရှင်း ခပ်ထေ့ထေ့ပြုံးလိုက်မိတယ်.....ဒီဘုရင်ဆိုးလေး သင်ခန်းစာမရသေးဘူးနဲ့တူတယ်...အခုချိန်ထိ ကိုယ့်ကိုကိုယ် အနာသက်သာအောင်ဘာလုပ်ရကောင်းမှန်းလဲမသိသေးဘူးပဲ......

သူ ရှဲ့ဟယ်နားကို သွားလိုက်ပြီး ဆံပင်တွေကို ကြမ်းကြမ်းတမ်းတမ်းဆောင့်ဆွဲကာ ခေါင်းကိုဆွဲမော့လိုက်တယ်...အဲ့တော့မှသာ ရှဲ့ဟယ်တစ်ယောက် အိပ်ပျော်နေတာမဟုတ်မှန်း သတိပြုမိလိုက်တယ်......

ချူရှင်း ခပ်ထေ့ထေ့ရယ်သွမ်းလိုက်ပြီး.....

" အရှင်မင်းကြီးကို ကြည့်ရတာ ဒီကစားစရာပစ္စည်းတွေကို သဘောခွေ့နေပုံပဲနော်...."

တဖက်သားကို တဖြည်းဖြည်းချင်းဆီ ကြည့်လိုက်လေသော ရှဲ့ဟယ်ရဲ့အကြည့်တွေ က သိပ်ကို မှောင်မိုက်အေးစက်နေတယ်....

ချူရှင်း ရှဲ့ဟယ်ရဲ့ပါးကို ညှစ်ထားလိုက်တယ်....ထွက်ကျလာလေသော စကားသံတိုင်းက အရိုးစိမ့်လောက်အောင်အေးစက်နေပြန်တယ်......

" မင်းကြီးက ညီလာခံတက်ရတာ ကြိုက်တယ်ဆိုတော့လဲ ဒီအစေခံက မင်းကြီးကို ဒီကစားစရာတွေနဲ့ နေ့တိုင်းညီလာခံတက်ခိုင်းတော့မှာပါ....ဘယ်လိုသဘောရလဲ မင်းကြီး "

ဒီစကားကိုကြားတော့ ရှဲ့ဟယ်ရဲ့ ကြောက်လန့်တကြားအမူအရာတွေ တမဟုတ်ချင်းပေါ်ထွက်လာခဲ့တယ်..... သိပ်ကို ရက်စက်တာပဲ....နေ့တိုင်းနေ့တိုင်း အိပ်ရေးပျက်ရမှာကြီးကို လုံးဝသည်းမခံနိုင်ဘူး.....နံနက်ခင်း ညီလာခံသွားမတက်ပေးရင် သူဟာ လုံးဝကိုအသုံးမဝင်တော့တဲ့ လူတစ်ယောက်ဖြစ်သွားပြီလား....

ရှဲ့ဟယ် ချူရှင်းကို အေးစက်ခက်ထန်လွန်းတဲ့အကြည့်တွေနဲ့ စိုက်ကြည့်လိုက်ပြီး.....

" သစ္စာဖောက်ကောင် !!!! လူ့တိရိစ္ဆာန်ကောင်! !!!"

ချူရှင်း ပြုံးနေတယ်..........

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now