{18}

8K 1.2K 64
                                    

Unicode

ကျိုးချန်ဖုန်းကမူ တစ်ခြားအနုပညာရှင်တွေနဲ့ဆွေးနွေးစရာကိစ္စရှိသဖြင့် ခဏထွက်သွားခြင်းဖြစ်သည်။မသွားခင်လည်း ကျိချင်းကျိုးကို ရှောင်ချန်ဆီအပ်သွားပြီး ကောင်းကောင်းဂရုစိုက်ပေးဖို့မှာသွား၏။ကျိုးချန်ဖုန်း ခြေတစ်လှမ်းထွက်လိုက်တာနဲ့ ရိုက်ကွင်းတစ်ခုလုံးက မကောင်းဆိုးဝါးတွေဖြစ်သွားမယ်လို့ ရှောင်ချန်းဘယ်လိုထင်ထားမိမှာလဲ။
သူမကို ပွင့်ပွင့်လင်းလင်းဖြတ်မရိုက်ရဲဘူးဆိုတာက သူမသာမိတ်ကပ်ကောင်းကောင်းမပြင်ပေးရင် ကျိချင်းကျိုးရဲ့ပထမဆုံးရုပ်ရှင်ကားပေါ်သက်ရောက်သွားမှာ ကြောက်လို့ပင်။
ဒါပေမယ့် အခုကျောင်းရှင်းက မည်မည်ရရဘာမျှပြင်ပေးမယ့်ပုံမပေါ်တော့ ရှောင်ချန်းလည်းဘာမှဂရုမစိုက်တော့ဘဲဒေါသတကြီးပြောလိုက်သည်။

"ကျွန်တော်တို့ဒီကိုအရင်ရောက်တာ…မိတ်ကပ်လိမ်းရုံပဲနော်…အခုတော့ ကောင်းရော…တစ်နေ့နှစ်ကြိမ်လေးလုပ်ပေးရုံကို အရမ်းများနေသေးတယ်ဆိုရင် ခင်ဗျားဒီကို စောစောစီးစီးဘာလာလုပ်တာလဲ! ၈နာရီခွဲမှ လာပါတော့လား!"

ကျောင်းရှင်းကလည်း သူ့ကိုမကြောက်ပေ။
"ငါ့ကိုဘာလို့လာအော်နေတာလဲ…နင့်မှာအစွမ်းစရှိရင်လက်ထောက်ဒါရိုက်တာကိုပြောပြီး ၈ နာရီခွဲပြောင်းခိုင်းလေ…ငါအချိန်သတ်မှတ်တာမဟုတ်ဘူး"

"ခင်ဗျား အမြဲတမ်း မိတ်ကပ်တာဝန်ယူတာလား"

"ငါပဲပြင်ပေးနေတာ…ဘာဖြစ်လို့လဲ…နင်မယုံကြည်ရင် တစ်ခြားမိတ်ကပ်ဆရာတစ်ယောက် ရှာလို့ရတယ်"

ရှောင်ချန်ကတော့ ခဏလောက်ပြောစရာစကားပြောက်ရှပြီး စကားလုံးတွေတောင် ပါးစပ်ထဲတစ်ဆို့ကုန်တယ်။
ကျိချင်းကျိုးက ပြုံးနေသော်လည်း
"အိုကေ…အစ်မရှင်းက ကျွန်တော့်ကိုလုံးဝမပြင်ပေးချင်မှတော့  အစ်မရှင်းကိုမလိုတော့ဘူး… ဘာလို့မပြောင်းပစ်ရမှာလဲ"

ကျောင်းရှင်းက နှာခေါင်းရှုံ့ကာ
"နင်ကိုယ်နင်ဘယ်သူလဲသိရဲ့လား…နင်ပြောတဲ့တိုင်းပြောင်းပေးရအောင် နင်က ခေါင်းဆောင်မင်းသားလား"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now