အခန်း ၆၁(ထုန်ရှုန်းပင့်ကူ ၁)

3.2K 383 77
                                    

Unicode

ထူထဲသိပ်သည်းလှသော မြူစိုင်ထုပျောက်ကွယ်သွားပြီဖြစ်၍ ယခင်ကသတိမပြုသော အောက်ခြေကအရာများမှာ ရှင်းလင်းစွာပေါ်လို့လာသည်။

ရွှမ်းမင်သည် လမ်းကြောင်းတစ်လျှောက် ပုံပျက်နေသော မြက်ပင်များကို ကြည့်ပြီး

"တစ်ယောက်ယောက်ရောက်လာခဲ့ပြီးအခုတော့ပြန်ထွက်သွားပြီ"

【အသိသာကြီးကို! ဘယ်သူမဆိုကြည့်လိုက်တာနဲ့သိတယ်】

ရွှဲရှန်နှာမှုတ်လိုက်ပြီးနောက်

【နေပါဦး... တစ်ယောက်ယောက်ရှိနေတာ?】

"ဘယ်သူကလာရဲမှာလဲ? သေချင်နေကြတာလား?"

ရှီထို့ကျန်းသည် ဇဝေဇဝါရေရွတ်ပြီးမှ ရွှမ်းမင်စကား၏ အဓိကကျသော အကြောင်းအရာကို သဘောပေါက်သွားသည်။

"လာပြီးပြန်ထွက်သွားတယ်? အသက်ရှင်ရက်နဲ့ပြန်ထွက်သွားတယ်?"
   
ကံမကောင်းအကြောင်းမလှ၍ ရောက်လာသူမှလွဲပြီး တစ်ပါးသူမရှိသောနေရာ။ ထိုနေရာမှ အသက်ရှင်ရက်နှင့် ပြန်ထွက်လာနိုင်သူဆိုလျှင် သာမန်သူတော့မဖြစ်နိုင်။

"သူ့ကိုလိုက်ရှာနေတဲ့နောက်တစ်ဖွဲ့မဖြစ်နိုင်ဘူးလား? ဒီနေရာအထိတောင်လိုက်လာကြတယ်..ဘယ်သူတွေဘယ်လောက်များများကိုအပြစ်ပြုခဲ့လဲမသိဘူး..ရောက်ပြီးပြန်ထွက်သွားကြပြီဆိုတော့ကိစ္စပြတ်ခဲ့ကြပြီနဲ့တူတယ်..အပြတ်ရှင်းပစ်လိုက်ကြတာမဟုတ်ဘူးဆိုရင်ဖမ်းခေါ်သွားကြလောက်မယ်..မဟုတ်ရင်ဒီမှာရှိမနေတာလဲဖြစ်နိုင်တယ်"

ရှီထို့ကျန်းသည်ငတုံးမဟုတ်။ စကားဖောင်ဖွဲ့လွန်းသူသာဖြစ်သည်။ သူ့ပါးစပ်တစ်ခုတည်းနဲ့တင် လေးယောက်သားကိုယ်စား ဖြည့်ပြီးသားဖြစ်သည်။

ထို့နောက် ရွှဲရှန်သည် လုညန့်ချီကိုတစ်ချက်ကြည့်လိုက်၏။

ရှေ့ဖြစ်ဟောခဲ့သည်မှာမှန်မမှန် မဟုတ်လည်း နောက်တစ်ခါထပ်ကြည့်စေချင်သည်လို့သာ လုညန့်ချီယူဆလိုက်သည်။ လုညန့်ချီစကားပြောမည်ပြုချိန်တွင် ရွှဲရှန်သည် အမြန်အကြည့်လွှဲသွားပြန်၏။

You've reached the end of published parts.

⏰ Last updated: Sep 21, 2022 ⏰

Add this story to your Library to get notified about new parts!

Copper Coins《铜钱龛世》Where stories live. Discover now