2. World-1: Let me hear your voice

2.8K 191 1
                                    


ချန်းယန် မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်၏.. အလင်းတန်းတွေကတော့ အစောကတည်းက ပျောက်သွားပြီဖြစ်၏... သူလှည့်ပတ်ကြည့်လိုက်တော့ ကျောင်းမှာရောက်နေပုံပေါ်သည်... ရှည်လျားသည့်အဆောက်အအုံကြီးကို ကြည့်ဖြင်းအားဖြင့် သာမန်ကျောင်းတစ်ကျောင်း မဟုတ်နိုင်ပေ... သူ့ကိုယ်သူ ခေါင်းအစခြေအဆုံး ကြည့်လိုက်၏...

Author : အဟမ်း... စိတ်ကူးယဉ်နေတာ တော်သင့်ပြီ...

{တစ်စိတ်လောက်... ကျွန်တော် စိတ်ကူးယဉ်နေတာမဟုတ်ဘူး... ပြီးတော့ ခင်ဗျားက ဘယ်နေရာကနေ ထွက်လာပြန်တာလဲ... ကျွန်တော့်ကို အမြဲတမ်း ကြောက်အောင်လုပ်နေတယ်}

Author : ငါထွက်လာချင်တိုင်း ထွက်လာလို့ရတယ်... ဒီမှာကောင်လေး ငါကAuthor နော်... ဒါ့အပြင် ဒီနေရာမှာ မင်းကိုလမ်းညွှန်ပေးနိုင်မှာ ငါတစ်ယောက်ပဲရှိတယ်... အခုတော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်အုံး... မင်းက ဒီနေရာမှာရှိတဲ့ ဂုဏ်သတင်းအကြီးကျောင်းကို ရောက်နေတာ...

{သိပြီ! သိပြီ! ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ ကျော်ကြားအောင်လား?}

Author : နားထောင်အုံး အရူးရဲ့! လည်ပင်းမှာဆွဲထားတဲ့ magic penကို ထုတ်ပြီး အဲ့အပေါ်မှာရှိတဲ့ ခလုတ်ကို နှိပ်လိုက်...

ယန်က နာခံစွာပဲ လည်ဆွဲကိုထုတ်ကာ သူပြောတဲ့အတိုင်း နှိပ်လိုက်၏... ထို့နောက် သုံးဖက်မြင်ဓာတ်ပုံတစ်ခု သူ့ရှေ့မှာ ပေါ်လာကာ အဲ့ထဲမှာ သတင်းအချက်အလက်တွေကို ဖော်ပြထားသည်... အကုန်လုံးကို သူဂရုတစိုက်နှင့်ဖတ်လိုက်၏...

{ခဏ! omegaverse? Alpha? Omega? Beta?အတည်ကြီးလား? ပြီးတော့ Heat Cycle က ဘာကြီးလဲ သူတို့pheromones တွေကို မထိန်းချုပ်နိုင်ဘူး?}

Author : ငါ့စာအုပ်က စိတ်လှုပ်ရှားစရာမကောင်းဘူးလား.... အရမ်းကောင်း....

{ပျင်းစရာကောင်းတယ် ဘယ်လိုကြီးလဲမသိဘူး}

Author : ကောင်စုတ်လေး! ဘယ်လိုတောင် ငါ့စာအုပ်ကို စော်ကားရဲတာလဲ...

ယန်က Author ကို လျစ်လျူရှုလိုက်ပြီး သူ့ဇာတ်ကောင်ကို မေးလိုက်၏....

Author : မင်းနာမည်က Daewon Wong. အသက်က ၁၈ နှစ်... Alphaတစ်ယောက် SC ကုမ္ပဏီရဲ့ ဆက်ဆံသူ ပြီးတော့ မင်းက ဒီမှာ ထိပ်တန်းကျောင်းသားတစ်ယောက် Omegaကြားထဲမှာလည်း ကျော်ကြားတယ်... မင်းစိတ်ဝင်စားနေတဲ့လူကJihoon Chung......

စာအုပ်ထဲသို့ကူးပြောင်းသွားခြင်း (Omegaverse)Where stories live. Discover now