31

15.7K 2.4K 25
                                    

Unicode

ရှီယွင်နန် တစ်စက္ကန့်မျှ မှင်တက်သွားပြီး ဘာပြောရမှန်းမသိဖြစ်သွားကာ နှုတ်ခမ်းလေးကို ပြုံးပြီး ခနဲ့လိုက်သည်။

သူ တကယ့်ကိုကံမကောင်းတာပဲ။ သူက ဒီတိုင်း အားတက်သရောနဲ့ ဆိုင်တစ်ဆိုင်မျက်စိစုံမှိတ်ပြီးရွေးခဲ့တာကိုတောင် ဒီလို 'ညစ်ပတ်တဲ့ဆိုင်နဲ့'တိုးရလောက်တဲ့ထိ တော်တော်ကံကောင်းနေတာပဲ။

ရှီယွင်နန် ပြန်လှည့်ကာ ကြောက်လန့်မနေဘဲဘဲ ခုနကနေရာသို့ ပြန်သွားလိုက်သည်။  "ဒီမှာသူဌေး၊ ကျွန်တော် ဒါကို ဂရုတစိုက် ကိုင်ခဲ့တာ၊ ဘယ်မှာလဲ အက်ကွဲရာက?"

လူလတ်ပိုင်းအရွယ် သူဌေးသည် ပူပင်သောကရောက်နေသည့် အကြည့်နဲ့ ကျောက်စိမ်းပန်းပုရဲ့ နောက်ဘက်ကို လက်ညိုးထိုးပြလာသည်။

"ကြည့်၊  ဒီမှာ!"

သူလက်ညှိုးညွှန်ရာ ရှီယွင်နန်ကြည့်လိုက်တော့—

ဒီကျောက်စိမ်း ထွင်းထားပုံမှာ မက်မွန်သီး၊ အသီးအနှံများနဲ့ အခြား ပစ္စည်းများထည့် သွင်းထားသည့် ဝါးခြင်းတောင်းကို အခြေခံကာထွင်းထားပြီး ပျော်ရွှင်ခြင်း၊ အသက်ရှည်ခြင်းနှင့် ကျန်းမာခြင်း တို့ကို ဖော်ဆောင်နေသည်။

ယေဘူယျပြောရလျှင် ထွင်းထားသည့်လက်ရာမှာ ပန်းထိမ်သမားရဲ့ ကျွမ်းကျင်မှုကို ပြသရန် လုံလုံလောက်လောက် ပြေပြစ်တာပင်။

သို့သော် အခုတော့ ဒီပြီးပြည့်စုံပုံရတဲ့ လက်ရာဖြစ်သည့်   'ဝါးခြင်းတောင်း' ရဲ့ နောက်ဘက်တွင် ခြောက်စင်တီမီတာ၊ ခုနစ်စင်တီမီတာလောက်ရှိတဲ့ မသိမသာ အက်ကွဲရာတစ်ခုရှိနေ၏။

အနီးကပ်သာ မကြည့်ရင် မြင်ရမှာတောင် မဟုတ်ပေ။

သို့သော် အနီးကပ်ကြည့်လိုက်မယ်ဆိုပါက ဒီကျောက်စိမ်းပန်းပုတစ်ခုလုံးရဲ့ စျေးနှုန်းကိုသိသိသာသာ ထိခိုက်စေမှာပင်။

"တွေ့လား?  မင်း ဒီနေရာကို ကြမ်းကြမ်းချလိုက်တာ။ အခု ငါရောင်းချင်ရင်တောင် ရောင်းလို့မရတော့ဘူး။ မင်းလျော်ရမယ်!"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now